Friday, September 9, 2022

လှလွန်းသည့်ပန်း

 






ကိုယ်စိုက်သည့်ပန်း
ပန်းတကာ့ပန်းထဲမှာ
အလှဆုံးလို့
အတ္တကြီးမိသည်မှာ
လူ့သဘာဝ။
ကြည့်လေကြည့်လေ
မက်မ‌ပြေအောင်
လှရက်သူမို့
မခူးရက်သလို
ပန်လဲ မပန်ရက်ခဲ့ပါဘူး။
ပန်းချင်းတူသော်လဲ
အရောင်အသွေးတို့က မတူ။
ပန်းချင်းတူသော်လဲ
ရနံ့တိုင်းကလဲ မတူ။
သို့ပါသော်လည်း
ပန်းတိုင်းကတော့
လှကြသည်။
လှသော
ပန်းတိုင်းကို
နွမ်းမှာလဲကြောက်
ကြွေမှာလဲပူ
ရနံ့ပျယ်မှာကိုလဲ
ရင်ထိတ်မိတော့
မျက်စေ့အောက်မှာ
အရိပ်တစ်ကြည့်ကြည့်နဲ့
နွမ်းချိန်ရယ် တန်ကာမှ
နွမ်းပါလေတော့
ပန်းကလေးရေ။
နွမ်းချိန်တန်လို့
နွမ်းခဲ့ရင်တောင်
ပန်းခြောက်လေးလုပ်ကာ
သိမ်းထား‌ပေးပါ့မယ်။
ရနံ့ပျယ်ချိန်ရယ် တန်ကာမှ
ပျယ်ပါလေတော့
ပန်းကလေးရေ။
ရနံ့လေးတွေ ပျယ်ချိန်တန်လို့
ပျယ်လွင့်သွားခဲ့ရင်တောင်
သူ့သဘာဝ အတိုင်းလေးဘဲ
သိမ်းထားပေးပါ့မယ်။
ဥယာဉ်မှူးကြောင့်
ပန်းကလေးများ
အလှမပျက် စေရပါဘူး။
ဥယာဉ်မှူးကြောင့်သာ
ပန်းကလေးများရဲ့အလှ
သာ၍ သာ၍
လှစေချင်။
မာမာစိုက်ထားတဲ့ ပန်းကလေးတွေကြည့်ရင်း ရေးမိသည့် စကားလုံးမျှသာပါ။
မာမာလွင်
7/9/2022