ဒီနေ့တော့ ကျမစာတိုပေစလေးတွေ ရေးဖြစ်နေတော့မယ်ထင်ပါတယ် အိမ်မှုကိစ္စအ၀၀တွေကြားကနေ ဝါသနာပါရာ ဟင်းချက်နည်းလေးတွေကို ကျမရေးပြီးမျှဝေသလို မတောက်တခေါက် စာလေးတွေလဲရေးတတ်ပါသေးတယ်။
ကျမလေ ကျမကိုယ်ကျမ စိတ်ဓါတ်မာကြောသူလို့ ထင်ခဲ့မိတာ တကယ်တမ်းကျတော့ ကျမစိတ်ဓါတ်တွေက ထင်သလို မာမနေခဲ့ပါဘူး ထိလွယ် ရှလွယ် ကျကွဲလွယ်တဲ့စိတ်မျိုးပါ။
ကိုယ်ကောင်းခဲ့သလို ကိုယ့်အပေါ်ပြန်လည်ကောင်းမပေးနိုင်တဲ့ လူတစ်ချို့ကြောင့် ကျမရဲ့စိတ်တွေ အပြိုပြိုအလဲလဲ ဖြစ်တာတွေနဲ့ကြုံတိုင်း ကျမကိုယ်ကျမ ငါရင့်ကျက်သင့်ပြီလို့ စဉ်းစားမိတာလဲ အခါခါပါ။
ခေတ်ကြောင့်လား လူတို့ကျင်လည်ရာတွေပြောင်းလာလို့လားတော့ မသိတော့ပါဘူး လူတစ်ချို့မှာ မေတ္တာတရားတွေခေါင်းပါလာတာကို တွေ့လာခဲ့ရပါတယ်။
ဖေးမချင်စိတ် ကူညီလိုစိတ် ကိုယ်ချင်းစာတတ်စိတ် အဲဒါတွေကို ကိုယ်နဲ့ဝေးရာကို တွန်းပို့လာတတ်ကြပြီး လူတစ်ယောက်ဒုက္ခရောက်အောင် ကျဉ်းထဲကျပ်ထဲရောက်အောင် ပါးပါးလေး ပုတ်ထုတ်လိုက်တာကြည့်မလား ခတ်ဆပ်ဆပ်လေး တောက်ထဲ့လိုက်တာကြည့်မလား နေရာတိုင်းမှာ ၉၀ရာနူံးရှိနေပါတယ်။
နောက်ဆုံးတော့ ကျမကောက်ချက်ချမိတယ် ကျန်တဲ့၁၀ရာခိုင်နူံးထဲမှာ ကိုပါအောင်ကျိုးစားရမယ် ကိုယ့်မိသားစုပါအောင် ကိုယ့်အသိုင်းအဝိုင်းပါအောင် ကိုယ့်ပါတ်၀န်းကျင်ပါအောင် ကျိုးစားသင့်တယ်လို့ ထင်မိလိုက်ပါတယ်။
အားလုံးသော သက်ရှိသတ္တဝါတွေက မသေခင်လေး ခနတွေ့ကြတာပါ ကိုယ့်ကြောင့်သူတပါး စိတ်ဒုက္ခရောက်အောင် တွန်းပို့ခြင်း သယ်ဆောင်ခြင်း ဖန်တီးပေးခြင်းတွေ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးရင်း။
မိမိကိုယ်ကို ကောင်းအောင်ကျိုးစားနိုင်ကြပါစေ လူဆိုတာ မှားတတ်ပါတယ် ပျက်ရင်အစဉ် ပြင်ရင်ခနပါ။