Facebook ရဲ့မိတ်ဆွေဖြစ်တဲ့သမီးငယ်လေး Hnin Myat ရေးတဲ့ စာလေးကျမဖတ်လိုက်ရတယ် သူရေးတဲ့စာရဲ့အောက်မှာ သူ့သူငယ်ချင်းတွေက ကွန်မန့်၀င်ရေးကြတယ်။
သူတို့ရေးတာလေးတွေဖတ်ပြီး ကျမစိတ်မကောင်းဖြစ်မိသလို ကျန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်အပျက်လေးတစ်ခုကို ပြေးပြီး သတိရလိုက်မိတယ်။
အဲဒီအချိန်က ကျမသမီးအငယ်ဆုံးလေး ပထမတန်း တက်တဲ့အချိန်လောက်ကပါ ကလေးကို နေ့တိုင်းကျောင်းပို့ကျောင်းကြိုလုပ် တတ်တဲ့ ကျမနဲ့သမီးတက်တဲ့ကျောင်းက ဆရာမလေးတွေနဲ့အမြင်ကြာလာတော့ ခင်လာခဲ့တယ်။
သူတို့ကဒေသခံတွေမဟုတ်တဲ့အတွက် အခက်အခဲ မျိုးစုံကို သူတို့ရင်ဆိုင်ကြရပါတယ် နေရေးထိုင်ရေး သွားရေးလာရေး ကအစပေါ့ တောင်ဒဂုံ မြောက်ဒဂုံ တောင်ဥက္ကလာ မြောက်ဥက္ကလာ အဲဒီလို နေရာတွေကနေ နေ့တိုင်းလိုလို ကျောင်းကိုလာခဲ့ရတဲ့ ဆရာမလေးတွေရဲ့ဒုက္ခက တစ်ကယ်မသေးခဲ့ပါဘူး။
သူတို့ရတဲ့ လစာက နေ့စဉ် အသွားအပြန်ခရီးစရိတ်ဖိုးတောင် မရခဲ့ကြပါဘူး အဲဒီအတွက် သူတို့ခရီးစရိတ်သက်သာအောင် ကိုယ်ပိုင်ကားတို့ အဝေးပြေးကားကြီးတွေတို့ အဲဒီလို ကားမျိုးကို အောက်ကျို့ခံကာ ကားကိုတားပြီး စီးကြရပါတယ်။
သူတို့ကို ခင်မိနေတဲ့ကျမ တတ်နိုင်သလောက် အကူအညီပေးခဲ့တယ် ကိုယ်နဲ့ခင်မင်ရာ အသိမိတ်ဆွေတွေရဲ့ ကားတွေနဲ့ကြုံရင်ကျမစီစဉ်ပေးပြီး ထဲ့ပေးတတ်ပါတယ် ဆရာမငယ်ငယ်လေးတွေ အနေနဲ့ ကိုယ်ပိုင်ကားတွေကို တားတားစီးနေတာ ကျမတစ်ကယ် မကြည့်ရက်ခဲ့ပါဘူး။
အခုဒီစာကိုရေးလိုက်တာကလဲ သမီးငယ် Hnin Myat အတူ တောနယ်တွေမှာ တာဝန်ထမ်းနေကြတဲ့ ဆရာ ဆရာမလေးတွေ ဘ၀အမောတွေပြေအောင် လွမ်းမောစရာ ရီစရာလေး ပြောချင်လို့ပါ ။
ကားစောင့်နေကျ တစ်ရက်မှာ ဖြစ်ချင်တော့ တောင်ဒဂုံ ကိုပြန်ရမဲ့ဆရာမလေး နှစ်ယောက် အိမ်ပြန်ဖို့ ကားစောင့်ကြတယ် တားသမျှကားတွေကလဲ ဘယ်ကိုယ်ပိုင်ကားကမှ ရပ်မပေးကြဘူး နေကလဲစောင်းလာပြီ သူတို့စိတ်တွေ ဂယောက်ဂယက် ဖြစ်လာခဲ့တယ်။
ကျမက အိမ်မှာလိုက်အိပ်ဖို့ ခေါ်ပေမဲ့သူတို့အိမ်တွေက စိတ်ပူမှာဆိုးလို့အိမ်ကိုဘဲ ပြန်ချင်နေကြတယ် အဲဒီခေတ် အဲဒီအခါက အခုလို ဆက်သွယ်ရလွယ်ကူတဲ့ အင်တာနက်တို့ လက်ကိုင်ဖုန်းတို့ကလဲ ပေါပေါများများ မပေါ်သေးဘူးဆိုတော့ ဆက်သွယ်ရတာ ခက်ခဲတဲ့ခေတ်ကြီး ဖြစ်ခဲ့တာကို။
ခနနေတော့ ဟိုးဝေးဝေးကနေ တောင်းအေ့ကားတစ်စီးလာတာ မြင်လိုက်တယ် သူတို့အရမ်းပျော်သွားတယ် တားလို့ရရင် ငါအရင်တက်မယ် သူအရင်တက်မယ်နဲ့ပြောနေတုံး ကားကလဲနဲနဲနီးလာပြီ မှောင်ရီကလဲ ပျိုးနေပြီ သူတို့နှစ်ယောက် အရဲစွန့်ကာ ကားလမ်းမပေါ်တက်ပြီး ကားကိုတားလိုက်တယ်။
ကျမအခုဆက်ပြောရမှာ ငိုအားထက်ရီအားသန်လို့ဘဲ ပြောရမလား ရီအားထက်ငိုအားသန်လို့ဘဲပြောရမလား သူတို့တားတဲ့ကား ကမရပ်ဘဲ ရှေးတူရှူကို ဆက်မောင်းသွားခဲ့တယ် ကျမအတူ ဆရာမလေးနှစ်ယောက် ပါးစပ်လေးတွေဟပြီး တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောနိုင်အောင် ဖြစ်သွားခဲ့ကြတယ်။
ဘာဖြစ်လို့လဲလို့ သိချင်ကြမှာဘဲနော် ကျမ ထိန်ချန်ပြီး မထားတော့ပါဘူး မျှော်လင့်ချက်တွေ ပေးပြီး မကြာမီ လာမည် မျှော်လို့လဲ မပြောတော့ပါဘူး။
သူတို့နှစ်ယောက်တားလိုက်တဲ့ကားက အနားရောက်ပြီး ကျော်သွားကာမှ ဘွားကနည်းတွေ့လိုက်ရတဲ့ကားဖြူဖြူလေးဟာ နိဗ္ဗာန်ယာဉ်ကြီး ဖြစ်နေလို့နေခဲ့ပါတယ်။
ကဲ ဘယ်လောက်ဆိုးလိုက်သလဲနော်။
သမီးငယ် Hnin Myat နဲ့အတူ D,E အဆင့် နယ်မြေမှာ သွားရောက် တာ၀န်ထမ်းဆောင်နေကြတဲ့ ကျောင်းဆရာမ သမီးငယ်လေးတွေ ဒီစာကိုဖတ်ပြီး ဘ၀အမောတွေ ပြေပါစေ မည်သူ့ကိုမှတော့ မရည်ရွယ်ပါ တိုက်ဆိုင်သွားရင် နားလည်ပေးစေချင်ပါတယ်။