Sunday, March 29, 2015

ဆူး


ဆူး

ဘဝဆိုတာ ချိုတလှည့် ခါးတလှည့်
အမြဲတမ်းလဲ ချိုမနေတတ်သလို
အမြဲတမ်းလဲ ခါးမနေတတ်ပါဘူး။

ချိုတိုင်းလဲ ကောင်မနေတတ်သလို
ခါးတိုင်းလဲ ဆိုးမနေတတ်ပါဘူး။

ချိုမြိန်ခြင်းကြောင့် ဒုကကိုကြုံတတ်သလို
ခါးသက်ခြင်းကြောင့် သုခကိုလဲ ရစေပါတယ်။

ဒါကြောင့်မို့ သဘာဝက ဖန်ဆင်းပေးထားတဲ့ အလှ
သဘာဝက ဖန်တီးပေးထားတဲ့ အကျည်းတန်ခြင်းတွေဟာ
သူ့နေရာနဲ့သူ ပနံတင့်နေပါတယ်လေ။

ဆူးဆိုတာ သူ့အတွက်တော့ သူနေတဲ့ သူ့ရဲ့အိမ်ကို
လုံခြုံမှု အပြည့်အဝ တာဝန်ယူပေးနေတဲ့
စည်းရိုးတခုပါဘဲ။

ဆူးခက်တွေဟာ
သူ့အတွက်တော့
အကျည်းတန်ခြင်းတွေကို
သွေဖီနေတဲ့
အလှတရား တစ်ခုပါဘဲ။
၂၆။၃။၁၅

ဆူးကြားထဲက နှင်းဆီ


နှင်းဆီ

လေယူရာတိမ်း 
ယိမ်းနွဲ့လေသည်
ဖူးငုံဝင့်ကြွား 
အလှပိုသည်
ပြိုင်သူရှုံးအောင် 
မူယာပိုသည်
ဂုဏ်ရှိန်ထည်ဝါ 
တင့်တယ်ပါသည်
ဆူးကြားထဲက 
အိုနှင်းဆီ။
မာမာလွင်
17/3/15
6:55 PM

ဆူးအလှ


ဆူးအလှ

ဆူးတွေ ကာရံထားသူမို့
ခူးခြွေဖို့ စိတ်မကူးရက်သလို

ဆူးတွေကြားက သူ့စကား
ပျားသကာလို ချိုနေတာမို့

အလှနတ်မိမယ် တပါးရယ်
ဆူးကြားက ပျိုမဒီကို
မြင်သူတကာက အချစ်တွေ ပိုလို့နေပါတော့တယ်။
မာမာလွင်
29/3/2015