Saturday, January 24, 2015

ဤခရီး နီးလာပြီ



​မြန်မာ့ရိုးရာ နှစ်သစ်ကူးတဲ့လလေးနီးလာပြန်ပါပြီ

နှစ်ကူးရင် တစ်နှစ်ကြီးပြီမို့ ခရီးပန်းတိုင်ရောက်လုပြီ

ပိတောက်ရနံ့
သင်းပျံ့ပျံ့နဲ့
စိုရုံပက်ဖျန်း
မိုးလေ စွမ်းကြောင့်
မြေသင်းရနံ့ေ မွှးပျံ့ပျံ့က
ရင်သို့ေ အးမြစေခဲ့ရသည်။

နှစ်ဟောင်းစွန့်၍ နှစ်သစ်ကြိုမည်
ပိတောက်တစ်ခက် အောင်သပြေဖက်လို့
ငယ်တုန်းအခါက အပျော်ရှာသည်
ပက်ဖျန်းရေစို အမူပိုပိုဖြင့်
ချမ်းချမ်းတုန်လဲ မမှုခဲ့ပြီ
တလမ်းဝင်တလမ်းထွက်
ရွှေသပြေခက်နှင့်
တက်ကြွမြူးချို
ခွန်းသံချိုဖြင့်
သင်္ကြန်နွေဦး
တူးပို့တူးပို့
ငါတို့ဆိုဘူးခဲ့ကြသည်။

နှစ်လရာသီ
အလီလီပြောင်းခဲ့
ထောင်းလာသည့် ဇရာ
အိုလာသည့်ရုပ် လက်ခံမှတ်ရှု
နှစ်ဦးကြိုရင်း ပြိုလာသည့်ဇရာနှင့်
တစ်နေ့တစ်လှမ်း လှမ်းလာလိုက်တာ
အောင်သပြေတစ်ခက် ပိတောက်စွက်လို့
မြတ်ဘုရားခြေရင်း ဝတ်တွားရင်းဖြင့်
တရားရေအေး သောက်သုံးသင့်ပြီ။

မနေ့ကထက် ဒီနေ့
ဒီနေ့ပြီး ခနနေ
ခနနေပြီး အခု
မတည်မြဲသမို့
သွားစရာလမ်း
ဒီတလမ်းကို
နီးသထက်နီးလာခဲ့ပါပြီ။

မာမာလွင်
4:46 PM
30.3.2012

ဝေးဝေးလေးဘဲ ကောင်းပါတယ်


ကျောခိုင်းကာ လမ်းခွဲ

အမြင်မတူသူ ဘ၀နှစ်ခု

ဝေးဝေးလေးဘဲ ကောင်းပါတယ်။

မဆုံနိူင်တဲ့ မျဉ်းပြိုင်နှစ်ခု

ဆက်ပြီးဆွဲလေ ပိုဝေးလေ။

mar mar lwin
24/1/2015
7:47PM