Saturday, September 8, 2018

လူနေမှု အဆင့်အတန်း


လူ့ အဆင့်အတန်း

လူ့အဆင့်အတန်းဆိုတာ ဘာလဲ။

အိမ်ကြီးအိမ်ကောင်းကြီးတွေ ရှိပါမှ အဆင့်အတန်းဆိုတာ ရှိတာလား။

ကားအကောင်းစားကြီးတွေ စီးနိူင်မှ အဆင့်အတန်းဆိုတာ ရှိတာလား။

အတွင်းပစ္စည်း အပြင်ပစ္စည်းတွေ ပြည့်စုံကုံလုံနေမှ အဆင့်အတန်းဆိုတာ ရှိတာလား။

ပညာတွေ တဖက်ကမ်းခတ်အောင် တတ်နေမှ အဆင့်အတန်းဆိုတာ ရှိတာလား။ 

ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေကြားမှာ မော်ကြွားနိူင်မှ အဆင့်အတန်းဆိုတာ ရှိတာလား။

လူတွေအပေါ် မောက်မာထောင်လွှားနိူင်မှ အဆင့်အတန်းဆိုတာ ရှိတာလား။

ဖြစ်နိူင်ကောင်းလဲ ဖြစ်နိူင်သလို တခုမှ မဟုတ်ဖူးလို့ ထင်မိတာပါဘဲ။

စည်းစိမ် ဥစ္စာ ပညာ ဓနတွေ ဘယ်လောက်ဘဲ ပြည့်စုံနေပါစေ

လူတွေကိုလူလို့ မမြင်သ၍ အဆင့်အတန်းဆိုတာ 

လူတယောက်ရဲ့ စိတ်နေစိတ်ထား အနိမ့်အမြင့်ကို ပြနေတာပါဘဲ။
မာမာလွင်
၈၊၉။၁၈