Saturday, June 29, 2013

လောကရဲ့ဇာတ်ခုံပေါ်မှာ



  • ကဲ....သူငယ်ချင်းတို့ရေ
    .
    ဒီနေ့ဆို မာမာ အသက် ၅၀ ထဲရောက်သွားပြီ
    .
    လောကဇာတ်ခုံ အဖုံဖုံပေါ်မှာ
    .
    ငိုလိုက်ရီလိုက်နဲ့ ကခဲ့ရတာတွေလဲ အများသားပေါ့
    .
    ကြုံခဲ့ဆုံခဲ့တဲ့ အဆိုးအကောင်းတွေကလဲ ဒုနဲ့ဒေးပေါ့
    .
    ပြုံးခဲ့မဲ့ခဲ့ရတာတွေလဲ ရာထောင်သောင်း မကပေါ့
    .
    အနိမ့်အမြင့်တွေကို ကျော်ဖြတ်ခဲ့ရတာတွေကလဲ ရေတွက်လို့ မရနိုင်အောင်ပေါ့
    .
    လူတွေရယ်လူတွေရဲ့ မာန်တက်နေတဲ့မာနတွေကြားထဲမှာ
    .
    ပညာမာန ငွေမာန ဥစ္စာဓနတွေရဲ့မာနတွေကြွပြီး
    .
    ချိုးချိုးနှိမ်နှိမ် ဆက်ဆံတာတွေလဲ ခံခဲ့ရဘူးတာပေါ့
    .
    ဘဝတစ်ဆစ်ချိုး ၄၉ ဆိုတဲ့အရွယ်ထဲမှာ
    .
    ကောင်းတာနဲ့ဆိုးတာမှာ ၉၀ကဆိုးခဲ့တာ
    .
    ကောင်းတာက ၁၀လောက်ဘဲရှိခဲ့တာကို ကို ကိုယ်တိုင်ဘဲသိခဲ့တာပေါ့
    .
    အဲဒါကြောင့် ဒီနေ့တော့
    .
    မကောင်းတာတွေအားလုံးကို ၄၉နဲ့အတူ ထားခဲ့ပြီး
    .
    မာမာ့အစ်ကို ကဗျာဆရာ Ko Hmine (ဆေး၂) ရဲ့
    .
    မွေးနေ့ဆုတောင်းလေးအတိုင်း (စိတ်ပျော်အောင်နေပါညီမရေ)
    .
    ဆိုတဲ့ဆုတောင်းလေးအတိုင်း ပျော်ရွှင်အောင်ဘဲ ကြိုးစားပြီးနေသွားရတော့မှာပေါ့
    .
    ကျန်ရှိနေသးတဲ့ လောကရဲ့ဇာတ်ခုံပေါ်မှာ
    .
    သာယာနာပျော်ဖွယ်တေးသံလေးတွေနဲ့ လှပချောမွေ့စွာနဲ့
    .
    မာမာလေ  ဆက်ပြီးကရအုံးမှာပေါ့.....

    မာမာ
    9:09 AM
    13/03/2013.

No comments:

Post a Comment