Saturday, June 29, 2013

ဟန်ဆိုိုာ ကိုယ့်ဖို့


တိတ်ဆိတ်ငြိမ်သက်နေတဲ့ လမ်းမကြီးရဲ့ ဘေးကအိမ်

မှောင်ရီပျိုးထဲက ငြိမ်သက်ခြင်းတွေကိုပေးကာ

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး

ခပ်ရဲ့ရဲ့သာ ပြုံးနိုင်တော့တဲ့ အပြုံးတွေကို

မချိမဆန့်နဲ့ ဟန်လုပ်ပြီးပြုံးပြ

သူမ မကြောက်ခင်ထဲက  ကိုယ်ကကြောက်နေနှင့်ပြီ

ခွေးတစ်ကောင် ကြောင်တမှီးမှ မတွေ့ရတော့တဲ့ အပုပ်ချိန်

ညဉ့်က နက်သထက် နက်လာခဲ့ပြီ

အထပ်ထပ် ပိတ်ထားတဲ့ အခန်းလေးထဲမှာ

လေသံလေလား မြွေသံလားနဲ့ တွေးစိတ်ပိုလဲ

ကူသူမဲ့ကာ အားငယ်စွာနဲ့

ဝန်းကျင်အခြေအနေ ပူလောင်မှုတွေနားမှာ

ဒီတစ်ညကိုလဲ ကောင်းစွာဖြတ်သန်းရပေအုံးတော့မည်။

(သူမ ----သမီးနှင့်နှစ်ယောက်ထဲ အဖေခရီးသွားချိန် အရာရာကို ကြောက်ကြောက်နှင့် ရင်ဆိုင်ရတဲ့ည)

Mar Mar Lwin
8/4/2013

No comments:

Post a Comment