ေလတစ္ခ်က္ အေဝွ႔မွာ ျဖဳတ္ကနဲ လြင္႔သြားတဲ႔စိတ္
အထိမ္းအခ်ဳပ္မဲ႔ ယစ္ဘီးေခြနဲ႔
ေလယူရာယိမ္း တိမ္းခ်င္ရာတိမ္းျပီး
ေမ်ာခ်င္ရာေမ်ာ လြင္႔ခ်င္ရာလြင္႔
ေမာရမွန္း ဟိုက္ရမွန္း မသိစြာနဲ႔
ေျခကုန္သုတ္တင္ အေျပးႏွင္သြားလိုက္တာ
ေျဖေလ်ာ႔ၾကိဳးေခြ တင္းသြားေလမွ
စိတ္နဲ႔ခႏၶာ အသိသညွာ ျပန္မကပ္ခင္ အခ်ိန္တြင္းမွာ
ေထာက္ကနဲမ်ား ၾကိဳးျပတ္သြားရင္
ေနာက္ဘဝ သံသရာမွာ
ဘာေတြၾကံဳလာအံုးမွာလဲ........
လေတစ်ချက် အဝှေ့မှာ ဖြုတ်ကနဲ လွင့်သွားတဲ့စိတ်
အထိမ်းအချုပ်မဲ့ ယစ်ဘီးခွေနဲ့
လေယူရာယိမ်း တိမ်းချင်ရာတိမ်းပြီး
မျောချင်ရာမျော လွင့်ချင်ရာလွင့်
မောရမှန်း ဟိုက်ရမှန်း မသိစွာနဲ့
ခြေကုန်သုတ်တင် အပြေးနှင်သွားလိုက်တာ
ဖြေလျော့ကြိုးခွေ တင်းသွားလေမှ
စိတ်နဲ့ခန္ဓာ အသိသညှာ ပြန်မကပ်ခင် အချိန်တွင်းမှာ
ထောက်ကနဲများ ကြိုးပြတ်သွားရင်
နောက်ဘဝ သံသရာမှာ
ဘာတွေကြုံလာအုံးမှာလဲ........
Mar Mar Lwin
10:30 AM
26/11/2012
.jpg)
No comments:
Post a Comment