Saturday, June 29, 2013

ဆုတောင်း


အို....အသင်
ဘယ်အချိန်များမှာ ကျမအလှည့်လဲ

အခုရက်ထဲ ကျမရဲ့အမေဘက်က
ဆွေမျိုးသားချင်းသုံးယောက် ပျက်စီးသွားခဲ့ပါတယ်
တစ်ယောက်နဲ့တစ်ယောက်က ရက်ပိုင်းလေးတွေဘဲ ကွာကြတာမို့
သတင်းတွေကြားကြားချင်း တော်တော်လေးလဲ ခံစားရပါတယ်
စိတ်ထဲမှာလဲ အရမ်းမကောင်း ဖြစ်မိပါတယ်။

နောက်တော့လဲ ဖြေမိတယ် သူတို့က ရှေ့ကသွားနှင့်တာ
ကိုယ်ကနောက်က လိုက်ရမဲ့သူ အနှေးနဲ့ အမြန်ဘဲပေါ့။

သူခေါ်ရာလမ်း မသွားရသေးခင်မှာ
ကိုယ်တွေ ဘာတွေပြင်ရတော့မလဲဆိုတာရယ်
ကျန်နေတဲ့ အချိန်လေးမှာ စိတ်ချမ်းမြေ့စွာနဲ့
ဘယ်လိုတွေ နေထိုင်သွားရမယ်ဆိုတာတွေက
ကျမရဲ့စိတ်ကို အရမ်းဘဲ လွှမ်းမိုးလာခဲ့ပါတယ်။

ကျမကို သူမခေါ်ခင် အချိန်အတောအတွင်း
ကျန်ရှိနေတဲ့ အချိန်လေးမှာ
ကျမ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမအောက်မှာ
စိတ်ရွှင်လန်း ချမ်းမြေ့စွာနဲ့ နေချင်ခဲ့တယ်။

ကျမ စိတ်ညစ်စွာနေရတဲ့ အချိန်တွေကို မကြုံချင်ဆုံးမို့
ဘဝဆက်တိုင်း အဲဒီလို အဖြစ်နဲ့မကြုံဖို့ ကျမဆုတောင်းနေမိတယ်
ကျမ လှူချင်တန်းချင်တာကိုလဲ
သောကကင်းဝေးစွာနဲ့ လှူနိုင်ပါစေလို့ ဆုတောင်းမိတယ်
ရလာတဲ့ မိသားစု ဘဝလေးကို
ဥမကွဲ သိုက်မပျက် နေရပါစေလို့လဲ
လောဘကြီးစွာနဲ့ ဆုတွေတောင်းလို့ နေခဲ့မိတယ်။


Mar Mar Lwin
15/4/2013

No comments:

Post a Comment