Saturday, June 29, 2013

ဦးတည်ရာ

မိသားစု တစ်စုမှာ
လူတစ်ယောက်ရဲ့ ရွေးချယ်မှု လမ်းကြောင်းမှားသွားခဲ့ရင်
အဲဒီမိသားစုကြီး တစ်ခုလုံး ပြိုကွဲပျက်သုဉ်းကာ
တိတ်ဆိတ် ခြောက်ကပ်သွားတတ်တယ်။

အိမ်တစ်အိမ်မှာ
ခေါင်အခရာက အုပ်ထိမ်းသူက မိဘတွေမို့
မိဘတွေရဲ့ ရွေးချယ်မှုလမ်းကြောင်း မှားသွားခဲ့ရင်တော့
သားသမီးတွေဟာ လမ်းမှားတွေအပေါ် လျှောက်တတ်သွားခဲ့ကြတယ်။

ဒါကြောင့်မို့

တိတ်ဆိတ်ခြောက်ကပ်ပြီး ပျက်သုဉ်းတာနဲ့
လမ်းမှားပြီး ပျက်ဆီးသွားတာဟာ အတူတူဘဲမို့
နှစ်ခုလုံးက မကောင်းတဲ့ အရပ်ရဲ့  ဦးတည်ရာကို သွားနေတယ် ဆိုတာကတော့ အတူတူပါဘဲ။


No comments:

Post a Comment