Friday, June 28, 2013

သူပိုင်တဲ့ အတ္တ



ကိုယ်ပိုင်ဆိုင်တာ မှန်သမျှ
တစ်နေ့ကျရင် စွန့်လွှတ်ကြရမှာ
ဒါကို သဘောမပေါက်တဲ့ သင်

အရာရာကို အနိုင်နဲ့ ပိုင်းမယ်ဆိုပြီး
စာနာစိတ် ကင်းမဲ့နေတဲ့ သင်

တစ်ချိန်လုံး အဆိပ်မဲ့တဲ့ ရေမြွေလိုနေလာတဲ့ 

ဘဝတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သူရဲ့အပေါ်ကို

နားလည် စိတ်လေးပေးပြီး

စိတ်တွေ ရှော့ချသင့်နေပြီ
ပညာတတ်ပြီး ဝါလဲကြီးတယ်

ဒါပေမဲ့လဲ

ဂုဏ်ရှိန်တောက်ပြီး မာနတက်နေတယ်

ကြီးနိုင်ငယ်ညှင်း အရာရာကိုညှင်းဆဲလိုစိတ်

ပိုင်ဆိုင်စိတ်ကြောင့် သင့်မှာ မှားယွင်းနေတတ်ခဲ့တယ်

ငါ ငါ ငါစွဲ သင်စွဲနေသရွေ့

သင်သည် အတ္တကြီးသူ ဆင်ကြံကြံသူ

သင်ပိုင်ဆိုင်ရာ သင့်မာန

တလွဲဖြစ်နေတာ ဘာမှမသိရှာတဲ့ သင့်ဘဝ

မာနနဲ့ အတ္တတွေကိုဘဲ ပိုင်ဆိုင်ထားတဲ့ သင်

အယူလွဲတဲ့ စိတ်ကို

ရင်မှာပိုက်ပြီး ထားရစ်နေတဲ့ သင်

သင့်အတွက် ကျွန်ုပ်ဆုတောင်းပေးနေတယ်

သင်ဘယ်တော့မှ မကျဆုံးပါစေနဲ့

သင်ဘယ်တော့မှ လဲကျမသွားပါစေနဲ့

သင့် စိတ်ပျော်ဖို့

သင်လေ အမြဲတမ်း ကျွန်ုပ်အပေါ်ကို

နိုင်စားကာ သွားနိုင်ပါစေ။

 Mar Mar lwin (Tuu Mar)    
28/6/2013


ကိုယ္ပိုင္ဆိုင္တာ မွန္သမွ်

တစ္ေန႔က်ရင္ စြန္႔လႊတ္ၾကရမွာ
ဒါကို သေဘာမေပါက္တဲ႔ သင္

အရာရာကို အႏိုင္နဲ႔ ပိုင္းမယ္ဆိုျပီး
စာနာစိတ္ ကင္းမဲ႔ေနတဲ႔ သင္

တစ္ခ်ိန္လံုး အဆိပ္မဲ႔တဲ႔ ေရေျမြလိုေနလာတဲ႔ 

ဘဝတစ္ခုကို ပိုင္ဆိုင္ထားတဲ႔ သူရဲ႕အေပၚကို

နားလည္ စိတ္ေလးေပးျပီး

စိတ္ေတြ ေရွာ႔ခ်သင္႔ေနျပီ
ပညာတတ္ျပီး ဝါလဲၾကီးတယ္

ဒါေပမဲ႔လဲ

ဂုဏ္ရွိန္ေတာက္ျပီး မာနတက္ေနတယ္

ၾကီးႏိုင္ငယ္ညွင္း အရာရာကိုညွင္းဆဲလိုစိတ္

ပိုင္ဆိုင္စိတ္ေၾကာင္႔ သင္႔မွာ မွားယြင္းေနတတ္ခဲ႔တယ္

ငါ ငါ ငါစြဲ သင္စြဲေနသေရြ႕

သင္သည္ အတၱၾကီးသူ ဆင္ၾကံၾကံသူ

သင္ပိုင္ဆိုင္ရာ သင္႔မာန

တလြဲျဖစ္ေနတာ ဘာမွမသိရွာတဲ႔ သင္႔ဘဝ

မာနနဲ႔ အတၱေတြကိုဘဲ ပိုင္ဆိုင္ထားတဲ႔ သင္

အယူလြဲတဲ႔ စိတ္ကို

ရင္မွာပိုက္ျပီး ထားရစ္ေနတဲ႔ သင္

သင္႔အတြက္ ကြ်ႏ္ုပ္ဆုေတာင္းေပးေနတယ္

သင္ဘယ္ေတာ႔မွ မက်ဆံုးပါေစနဲ႔

သင္ဘယ္ေတာ႔မွ လဲက်မသြားပါေစနဲ႔

သင္႔ စိတ္ေပ်ာ္ဖို႔

သင္ေလ အျမဲတမ္း ကြ်ႏု္ပ္အေပၚကို

ႏိုင္စားကာ သြားႏိုင္ပါေစ။

 Mar Mar lwin (Tuu Mar)    

28/6/2013

No comments:

Post a Comment