Saturday, June 29, 2013

မချိုနိူင်တဲ့အခါး

စိတ်တစ်ခု ကြည်လင်နေတဲ့အချိန် ပြောထွက်တဲ့စကား
ပျားသကာလို ခပ်ချိုချို
ဘဝတစ်ဆစ်ချိုး ရာခိုင်းနူံးနဲ့ ချိုးချလိုက်ရင်
တစ်ဆယ်ဆိုတဲ့ ဂဏန်းထက်ကိုမပို။

စိတ်တစ်ခု နောက်ကျိနေတဲ့အချိန် ပြောထွက်တဲ့စကား
တမာလိုဘဲ ခပ်ခါးခါး
ဘဝတစ်ကွေ့ ကြုံတွေ့သမျှ ရာခိုင်နူံးနဲ့ ထပ်ချိုးချရင်
ကိုးဆယ်ထက်တောင် သာခဲ့သလိုလို။

စိတ်ကောင်းဝင်စဉ် မျက်နှာမြင်ကြည့်
ချိုကြည်ဝင်းပ သာသည့်လနှယ်
စိတ်ညစ်ထေးစဉ် မျက်နှာမြင်ကြည့်
လငပုတ်ဖမ်းစား မျက်နှာအလား။

လူ့ဘဝသံသရာ ဖြတ်သန်းရာဝယ်
အချိုနဲ့အခါး ဘယ်ဟာများလဲ

ချိုလိုက်ခါးလိုက် ခါးလိုက်ချိုလိုက်
ညီမျှခြင်းတွေ အချိုးတွေ ရာခိုင်နူံးတွေချ ကြည့်လိုက်ရင်

အခါး၉၀ အချို၁၀
အချိုနဲပြီး အခါးကဘဲ ပိုခဲ့တယ်

ဒါကြောင့်မို့လဲ
တစ်ဝက်လောက်ကုန်သွားတဲ့ လူ့သက်တမ်းမှာ
ငါကြုံခဲ့တဲ့ ငါ့ဘဝ အရာအားလုံးက ခပ်ခါးခါးပါဘဲလား။


Mar Mar Lwin
29/6/2013

No comments:

Post a Comment