ဘာျဖစ္လို႔လဲဆိုေတာ႔ က်မကိုယ္တိုင္လဲ အဲဒီအတၱ ဆိုတာၾကီးကို အျမဲတမ္းလိုလို မဟုတ္ရင္ေတာင္ တစ္ခါတေလမွာ ဖက္တြယ္ထားမိလို႔ပါဘဲ။
- ဒါ ငါ႔ဥစၥာ
- ဒါ ငါ႔အိမ္
- ဒါ ငါ႔ကား
- ဒါ ငါ႔လင္
- ဒါ ငါ႔မယား
- ဒါ ငါ႔သား
- ဒါ ငါ႔သမီး
- ဒါ ငါ႔ပစၥည္း ဆိုျပီး အစရွိသည္ျဖင္႔ေပါ႔ေလ။
- ငါစြဲေတြ စြဲေနၾကျပီး
- ေလာဘမီးေတာက္ ဟုန္းဟုန္းေတာက္ေနၾကတာဟာ သိပ္ေၾကာက္ဖို႔ေကာင္းပါတယ္။
- ငါစြဲစြဲကာ ငါ..ငါ..ငါ ဆိုျပီး ျဖစ္ေနသမွ် ကာလပါတ္လံုးမွာ
- စိတ္ခ်မ္းသာမွဳေတြ မရႏိုင္ဘူး ဆိုတာလဲ ကိုယ္ကိုတိုင္ သိေနပါလွ်က္နဲ႔
- ငါဆိုတာကို ဘာလို႔မ်ား မက္ေမာေနမိၾကတာလဲ
- အဲဒီ ငါဆိုတာၾကီး အာရံုထဲမွာ ရွိေနသေရြ႔ေတာ႔ လူေတြအားလံုးဟာ ပူေလာင္ေနၾကအံုးမွာ အမွန္ပါဘဲ။
- မိသားစုေတြအတြင္း စိတ္ဝမ္းကြဲမွဳေတြလဲ ရွိေနၾကရျပီး
- မိတ္ေဆြသူငယ္ခ်င္းေတြ အခ်င္းခ်င္း အထင္လြဲမွဳေတြ ရွိေနၾကရအံုးမွာပါ။
- တိုင္းရင္းသား လူမ်ဳိးအခ်င္းခ်င္း ခိုက္ရန္ေဒါသေတြ ထြက္ေနၾကရျပီး
- ကမာၻသူ ကမာၻသား အခ်င္းခ်င္းလဲ စစ္ပြဲေတြအတြက္ ရမက္မီးေတြ ေမႊးေနၾကအံုးမွာ အမွန္ပါဘဲ။
- ဒါေၾကာင္႔မို႔ က်မအပါအဝင္ လူသားေတြအားလံုး အတၱဆိုတဲ႔ ကမာၻၾကီးထဲကေန ရုန္းထြက္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္ရွင္။
Mar Mar lwin
12/6/2013.
တစ်ခါတလေမှာ ကျမအပါအဝင် လူတွေယာ ဘာလို့များ အတ္တတွေ ကြီးနေကြတယ် ဆိုတာကို ကျမအရမ်းဘဲ သိချင်နေခဲ့တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျမကိုယ်တိုင်လဲ အဲဒီအတ္တ ဆိုတာကြီးကို အမြဲတမ်းလိုလို မဟုတ်ရင်တောင် တစ်ခါတလေမှာ ဖက်တွယ်ထားမိလို့ပါဘဲ။
ဒါ ငါ့ဥစ္စာ
ဒါ ငါ့အိမ်
ဒါ ငါ့ကား
ဒါ ငါ့လင်
ဒါ ငါ့မယား
ဒါ ငါ့သား
ဒါ ငါ့သမီး
ဒါ ငါ့ပစ္စည်း ဆိုပြီး အစရှိသည်ဖြင့်ပေါ့လေ။
ငါစွဲတွေ စွဲနေကြပြီး
လောဘမီးတောက် ဟုန်းဟုန်းတောက်နေကြတာဟာ သိပ်ကြောက်ဖို့ကောင်းပါတယ်။
ငါစွဲစွဲကာ ငါ..ငါ..ငါ ဆိုပြီး ဖြစ်နေသမျှ ကာလပါတ်လုံးမှာ
စိတ်ချမ်းသာမှုတွေ မရနိုင်ဘူး ဆိုတာလဲ ကိုယ်ကိုတိုင် သိနေပါလျှက်နဲ့
ငါဆိုတာကို ဘာလို့များ မက်မောနေမိကြတာလဲ
အဲဒီ ငါဆိုတာကြီး အာရုံထဲမှာ ရှိနေသရွေ့တော့ လူတွေအားလုံးဟာ ပူလောင်နေကြအုံးမှာ အမှန်ပါဘဲ။
မိသားစုတွေအတွင်း စိတ်ဝမ်းကွဲမှုတွေလဲ ရှိနေကြရပြီး
မိတ်ဆွေသူငယ်ချင်းတွေ အချင်းချင်း အထင်လွဲမှုတွေ ရှိနေကြရအုံးမှာပါ။
တိုင်းရင်းသား လူမျိုးအချင်းချင်း ခိုက်ရန်ဒေါသတွေ ထွက်နေကြရပြီး
ကမ္ဘာသူ ကမ္ဘာသား အချင်းချင်းလဲ စစ်ပွဲတွေအတွက် ရမက်မီးတွေ မွှေးနေကြအုံးမှာ အမှန်ပါဘဲ။
ဒါကြောင့်မို့ ကျမအပါအဝင် လူသားတွေအားလုံး အတ္တဆိုတဲ့ ကမ္ဘာကြီးထဲကနေ ရုန်းထွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။
Mar Mar lwin
12/6/2013.

No comments:
Post a Comment