Saturday, June 29, 2013

တင်းတင်းစေ့တဲ့နုတ်ခမ်းအစုံ



အမေရိကန်နိုင်ငံရဲ့သမတ
အိုဘားမားရဲ့ စေ့ထားတဲ့ နူတ်ခမ်းတစ်စုံ
အဲဒီစေ့ထားတဲ့ နူတ်ခမ်းတစ်စုံရဲ့နောက်မှာ သူ့ ပြည်သူပြည်သားတွေအတွက်
ခံယူချက် ခံစားချက်တွေ အများကြီးရှိနေမယ်ဆိုတာ ပေါ်လွင်နေပါတယ်။

နိူင်းယှဉ်စရာ မဟုတ်တဲ့ သူနဲ့ကျမ
အိုဘားမားဆိုတာ ကမ္ဘာကြီးပေါ်မှာ
ဒိတ်ဒိတ်ကျဲကျဲ သမတ။

ကျမဆိုတာက မိသားစု တစ်ခုအတွက်
အဝတ်လျော်ပြီး ထမင်းချက်တဲ့
ဘာမှမဟုတ်တဲ့ အညတရ။

ဒါပေမဲ့ သူနဲ့ကျမမှာ
ခပ်တင်းတင်း စေ့ထားတဲ့ နူတ်ခမ်းတစ်စုံကို
ပိုင်ဆိုင်ကြတာခြင်းကတော့ တူခဲ့ကြတယ်။

ပိုင်ဆိုင်တာခြင်းတူကြပေမဲ့
ခံစားရတာခြင်းကွာကြပြန်တယ်
သူကသူ့လူမျိုး သူ့နိုင်ငံအတွက်
တင်းတင်းစေ့တဲ့နုတ်ခမ်းအစုံ။

ကျမက သူ့လိုတိုင်းပြည်နဲ့လူမျိုးအတွက်မဟုတ်သလို
ကျမခံစားနေရတဲ့ကျမဘဝကျမရဲ့အရေးပေါ့။

(ဘာရယ်မဟုတ် အော်စလိုမှာဗုံးပေါက်တုံးက သမကြီးမိန့်ခွန်းပြောနေတာကြည့်ပြီးရေးချင်စိတ်ပေါက်သွားလို့)

18/4/2013

No comments:

Post a Comment