Saturday, June 29, 2013

သားနဲ့သမီးအတွက် ကျန်းမာအောင် နေရတဲ့ နေ့ရက်များ



သားနဲ့သမီးလေးတို့ရဲ့ ကျောင်းမသွားခင် နေ့စဉ်ပြောသွားတတ်တဲ့ သတိပေးစကား*

မေမေရေ နေကောင်းအောင်နေ
အချိုတွေ အရမ်းမစားနဲ့
လေ့ကျင့်ခန်း မှန်မှန်လုပ်
လှုပ်လှုပ်ရှားရှား နေပါတဲ့။

*ဒါကသူတို့ ကျောင်းသွားခါနီးမှာ ပြောသွားတတ်တဲ့စကားတွေထဲက စကားစုတစ်ခု*

တစ်ယောက်ထဲ ဖြစ်ရဲ့လား
အနားမှာ ဖုန်းယူထားပေး
စိတ်ပူမိတယ်
တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်ပါတဲ့။

အမေအတွက် ပူပင်မှုတွေနဲ့ မှာတမ်းချွေတတ်တဲ့ စကားတွေကြောင့်
ကျမလေ သူ့တို့အတွက် ကျန်းမာပြီး နေကောင်းအောင် ကြိုးစားပြီး နေရအုံးမယ်

ကျမရဲ့ ခန္ဓာကိုယ်ထဲမှ ာရှိနေတဲ့ ကလီစာတွေကို
မထိခိုက် မပွန်းပဲ့ရလေအာင်
သူတို့နဲ့ သင့်တင့်မဲ့ အစာတွေကို ကျမစားရအုံးမယ်။

ခန္ဓာကိုယ်ကြီးကို ထိမ်းထားတဲ့
အရိုးတွေ အဆစ်တွေ မနာကျင်ရအောင်
ဆင်မယဉ်သာ ခြေလှမ်းတွေနဲ့ ကျမလှမ်းရအုံးမယ်။

ထိခိုက်ပွန်းပဲ့သွားရင် တော်တော်နဲ့ မပျောက်နိုင်ဘဲ
နောက်ဆက်တွဲ ဆိုးကျိုးတွေ ဝင်မလာရအောင်
ကျမရဲ့ ခန္ဓာကိုယ်အပ်ါယံ ဖုံးအုပ်ထားတဲ့ အရည်ပြားနဲ့ အသားတွေကို
ကျမဂရုစိုက်ပြီး နေရအုံးမယ်။

အဲဒါတွေကို ဘာကြောင့်ဂရုစိုက်နေရလဲဆိုတော့
ကျမခန္ဓာကိုယ်ကို တစ်စဆီခြွေနေပြီး
ထိမိခိုက်မိရင် အနာကျက်ခဲပြီး
အစားအသောက် မှားမိရင်
ကြေလွယ်ပျက်လွယ် ထိခိုက်လွယ်တဲ့
ကျောက်ကပ်အတွက်
အမြင်အာရုံ ပျက်စီးလွယ်တဲ့
မျက်စိနှစ်ကွင်း အလင်းမြင်နေရဖို့အတွက်
ကျမလေ ဆင်ဆင်ချင်ချင် နေရတော့မယ်
ကျမရဲ့ ခန္ဓာအတွက်
ဆိုးသွမ်းမှု အားလုံးကို ကြိုဆိုနေပြီး
လက်ယပ်ကာ ခေါ်နေတဲ့
Diabetes  ဆိုတဲ့သူက မခေါ်ဘဲနဲ့ ဝင်ရောက်လာနေလို့ပါဘဲ။

Mar Mar Lwin
15/3/2013

2 comments:

  1. ကျန်းမာရေး ဂရုစိုက်ပါနော် မမမား(

    ReplyDelete
  2. ကျေးဇူးပါ ညီမရေ

    ReplyDelete