Saturday, June 29, 2013

သက်တမ်း

ကျမ ၂၀၁၁ ခုနှစ်က အဖေတို့ရှိရာ မြန်မာပြည်ကို ပြန်ပါတယ်
အသက်၇၀ကျော် ကျမရဲ့ အဖေဟာ သူ့ရဲ့ခေါင်းမှာ မျက်မှန်ကို မပြီးတင်ထားကို မေ့ကာ
သူ့မျက်မှန်ပျောက်လို့ဆိုပြီး ခနခန ရှာတတ်ခဲ့ပါတယ်။

ကျမလေ အဖေ့ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်ခဲ့ရတယ်
သူ့ကွယ်ရာမှာ ကျမအမြဲတမ်း မျက်ရည်ကျခဲ့မိတယ်
အဖေ့ကို သနားလို့ပေါ့ရှင်။

သမီးရေ အဖေ့မျက်မှန်လေး ရှာပေးပါအုံးလို့ ပြောလိုက်ရင်
အဖေ့ခေါင်းပေါ်မှာမပြီး တင်ထားတယ်လေလို့ ပြောလိုက်ရင်
အော်အေးအေး အဖေမေ့သွားတယ်ဆိုပြီး
ရီပြုံးပြုံးလေးနဲ့ အမြဲတမ်း ပြန်ပြောတတ်ပါတယ်။

အခု ကျမလေ အဖေ့လောက် အသက်မကြီးသေးဘဲ
မျက်မှန်နဲ့ အတူတခြားသော ကိစ္စတွေပါ မေ့တတ်လာခဲ့ပါတယ်
ဈေးဝယ်ရင် လိုတာတွေဝယ်ဖို့ မေ့တတ်လာသလို
မျက်မှန်ကို လည်ပင်းမှာချိတ်ပြီး
ခနခန ရှာတတ်နေခဲ့ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့်
ကျမတို့ရဲ့ သက်တမ်းတွေက ပိုပြီးတိုလာပြီဆိုတာ
သက်သေတခုက ပြနေခဲ့ပါပြီ။

Mar Mar lwin
24/5/2013


က်မ ၂၀၁၁ ခုႏွစ္က အေဖတို႔ရွိရာ ျမန္မာျပည္ကို ျပန္ပါတယ္
အသက္၇၀ေက်ာ္ က်မရဲ႕ အေဖဟာ သူ႔ရဲ ႔ေခါင္းမွာ မ်က္မွန္ကို မျပီးတင္ထားကို ေမ့ကာ
သူ႔မ်က္မွန္ေပ်ာက္လို႔ဆိုျပီး ခနခန ရွာတတ္ခဲ႔ပါတယ္။

က်မေလ အေဖ႔ကိုၾကည္႔ျပီး စိတ္မေကာင္း ျဖစ္ခဲ႔ရတယ္
သူ႔ကြယ္ရာမွာ က်မအျမဲတမ္း မ်က္ရည္က်ခဲ႔မိတယ္
အေဖ႔ကို သနားလို႔ေပါ႔႐ွင္။

သမီးေရ အေဖ႔မ်က္မွန္ေလး ရွာေပးပါအံုးလို႔ ေျပာလိုက္ရင္
အေဖ႔ေခါင္းေပၚမွာမျပီး တင္ထားတယ္ေလလို႔ ေျပာလိုက္ရင္
ေအာ္ေအးေအး အေဖေမ႔သြားတယ္ဆိုျပီး
ရီျပံဳးျပံဳးေလးနဲ႔ အျမဲတမ္း ျပန္ေျပာတတ္ပါတယ္။

အခု က်မေလ အေဖ႔ေလာက္ အသက္မၾကီးေသးဘဲ
မ်က္မွန္နဲ႔ အတူတျခားေသာ ကိစၥေတြပါ ေမ႔တတ္လာခဲ႔ပါတယ္
ေဈးဝယ္ရင္ လိုတာေတြဝယ္ဖို႔ ေမ႔တတ္လာသလို
မ်က္မွန္ကို လည္ပင္းမွာခ်ိတ္ျပီး
ခနခန ရွာတတ္ေနခဲ႔ပါတယ္။

ဒါကို ၾကည္႔ျခင္းအားျဖင္႔
က်မတို႔ရဲ႕ သက္တမ္းေတြက ပိုျပီးတိုလာျပီဆိုတာ
သက္ေသတခုက ျပေနခဲ႔ပါျပီ။

Mar Mar lwin
24/5/2013

No comments:

Post a Comment