Saturday, June 29, 2013

မာနအဖြာဖြာ မရှိသင့်ပါ


မာနအဖြာဖြာ မရှိသင့်ပါ

ဘဝတစ်ခုမှာ
နိမ့်လိုက်  မြင့်လိုက်
တက်လိုက် ကျလိုက်
လင်းလိုက် မှောင်လိုက်
မှိန်လိုက် တုတ်လိုက်
စိုလိုက် ခြောက်လိုက်
လိုလိုက် မလိုလိုက်
ဖောင်းလိုက် ပိန်လိုက်
ပြည့်လိုက် မပြည့်လိုက်
ငိုလိုက် ရီလိုက်
ပျော်လိုက် မေပျော်လိုက်
လွင့်လိုက် မျောလိုက်
ထိုးလိုက် တိုက်လိုက်
မြင်လိုက် မမြင်လိုက်
ငူလိုက် ငိုင်လိုက်
တုံလိုက် ချိလိုက်
ကျလိုက် မကျလိုက်
မက်လိုက် မောလိုက်
ဖြေလိုက် မပြေလိုက်
တွန်းလိုက် တိုးလိုက်
ရွေ့လိုက် မရွေ့လိုက်
စောင်းလိုက် ချိတ်လိုက်
တည့်လိုက် မတ်လိုက်နဲ့
လိုက် လိုက် လိုက်တွေနဲ့ ပူဆွေးနေစဲ
ဘဝထွေထွေ ဆန့်ကျင်နေလဲ
ဗျာပါဒတွေ ဖြာဝေမနေနဲ့
ဝမ်းနည်းခြင်းတွေ ပြည့်မနေစေနဲ့
မာနထောင်လွှား မောက်မာမသွားနဲ့
ခွင့်မလွှတ်မှုတွေ ရှိမနေစေနဲ့
ဒါတွေအားလုံး ဝေးလွှင့်ပါစေ
ချမ်းသာ ဆင်းရဲလူတွေဟာလည်း
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ရေ မြေ လေ မီး သူတို့ထံတွင်း
ဝပ်တွား ခယ နားခိုကြရမှာဘဲလေ
သေခြင်းတရားက နင်ရယ် ငါရယ် သူရယ်ဘေးမှာ 
အချိန်ပြည့်ဘဲ ရှိနေတတ်ပါတယ်။


Mar Mar Lwin
9/6/2013

1 comment:

  1. အရမ်းကို မှန်ပါတယ် ....

    ReplyDelete