Saturday, June 29, 2013

လိုချင်မိသော သုခ


ကျမ စဉ်းစားနေမိတယ်

ဒုက္ခရှိမှ သုခရှိနိုင်မယ်တဲ့...

အဲဒီစကားက ကျမအတွက်တော့ မဟုတ်လောက်ဘူးလို့ ထင်မိပါရဲ့ 

ကျမကြုံခဲ့ရတာတွေက

ဒုက္ခပြီး ဒုက္ခ ဆိုတာတွေက များသလိုဘဲ

ကျမရဲ့ခန္ဓာကိုယ်နဲ့ စိတ်ကိုဘဲကြည့်


ရလာတဲ့ရောဂါ ခံစားရတဲ့ ဝေဒနာတွေကြောင့်

အချိန်တိုင်းမှာ နာကျင်နေတာတွေကဘဲ

လွှမ်းမိုးနေကြတာ


စိတ်ထောင်းပြီးကိုယ်ကျေခဲ့ရတာတွေက များနေခဲ့ပြီး

အသက်နဲ့ခန္ဓာ ကွဲကွာမှ ပျောက်မဲ့ ရောဂါအတွက်

ဆေးသောက်တိုင်း အကြိမ်ကြိမ် ဆုတောင်းနေမိတာက

တစ်ကြိမ်လောက်တော့ သုခဆိုတာကို

ရယူခံစားကြည့်ချင်မိပါရဲ့ ။


Mar Mar Lwin

၁၈.၄.၂၀၁၃


No comments:

Post a Comment