Friday, June 28, 2013

မိခင်မေတ္တာ

ကျမ မိခင်ဘဝရောက်သောအခါ

အမေဆိုတာ အရာရာကို သားသမီးအတွက် ပေးဆပ်ချင်ကြသလို ကောင်းမွန်တာတွေနဲ့ဘဲ ကြုံစေချင်တဲ့ ဆန္ဒတွေ ရှိတယ်ဆိုတာ

ပိုပြီးနားလည်လာခဲ့ပါတယ်

သားနဲ့သမီးကို ဘာသာတရားကိုင်းရှိုင်းပြီး အနန္တောအန္တငါးပါးကို အမြဲတမ်းရိုသေလေးစားတတ်တဲ့ ကလေးတွေ ဖြစ်စေချင်ခဲ့မိတယ်

အဲဒီအချက်မှာ သူတို့ရဲ့လုပ်ဆောင်ချက်က ကျမအတွက် စိတ်ချမ်းသာစေခဲ့တယ်။

ကျန်းမာခြင်း သုခဆိုတာကိုလဲ သူတို့ကို အမြဲတမ်း ရယူစေချင်ခဲ့မိတယ်

ဒီအချက်ကိုတော့ ခန္ဓာရလာရင် ဝေဒနာဆိုတာရှိလာတာမို့ ကျမလောဘ သိပ်မကြီးရဲခဲ့ပါဘူး

အောင်မြင်ပြီး ထွန်းတောက်တဲ့ ဘဝလေးတွေကို သူတို့အတွက် ဖြစ်စေချင်ခဲ့မိပြန်တယ်

ဒီအချက်လေးကိုလဲ သူတို့လေးတွေ စွမ်းဆောင်နိုင်ခဲ့ကြပါတယ်

ရလာတဲ့သူတို့ ရဲ့ခန္ဓာကို သူတို့တွေကောင်းစွာ ထိမ်းသိမ်းစောင့်ရှောက်နိုင်ဖို့ အမြဲတမ်း ဆုတောင်းပေးနေမိတယ်

ဒီအချက်အတွက်ကိုလဲ ကျမတို့မိဘတွေက အမြဲမပြတ်သတိရှိစေခဲ့တဲ့အတွက် သူတို့ကောင်းစွာ ထိမ်းသိမ်းနိုင်ခဲ့ကြပါတယ်

ဒါတွေအပြင်

ဘယ်သောအခါမှ သူတို့ရဲ့ ဘဝကိုပေါ့ပေါ့တန်တန် မဖြတ်သန်းစေချင်ခဲ့မိဘူး

သူတို့ရဲ့ဘဝလေးတွေကို လေးလေးနက်နက် ထားစေချင်ခဲ့မိတယ်

သူတို့ရဲ့ ဘဝလေးတွေကို အမြဲတမ်း ဖြောင့်ဖြူးနေစေချင်ခဲ့မိတယ်

အခက်အခဲဆိုတာ ကြုံလာရင်လဲ ကြန့်ခိုင်တဲ့စိတ်ဓါတ်တွေနဲ့ ကျော်ဖြတ်နိုင်ဖို့ အမြဲဆုတောင်းပေးနေမိတယ်

ပျော့ညံ့တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေ မဖြစ်စေချင်ဘူး

သန်မာထက်မြက်တဲ့ စိတ်ဓါတ်ပိုင်ရှင်လေးတွေ ဖြစ်စေချင်ခဲ့တယ်

သူတို့ဘဝတွေအတွက် အရှုံးဆိုတာတွေနဲ့ မတွေ့စေချင်ဘူး

အရာရာကို အောင်မြင်မှုတွေနဲ့ဘဲ ကြုံစေချင်ခဲ့တယ်။

*အရာရာဟာ ပြီးပြည့်စုံတယ်ဆိုတာ မရှိနိုင်ပေမဲ့ အမေတစ်ယောက်ရဲ့ လောဘနဲ့ ဒီစာကိုရေးလိုက်မိတာပါ*


Mar Mar lwin
10:54AM
6/28/13

No comments:

Post a Comment