Saturday, June 29, 2013

တွေ့ခဲ့ရသမျှ တစ်နေ့တာထဲက မက်ပိုင်ငှက်ကလေး

ဒီနေ့သမီးလေး ကျောင်းပြန်ဖွင့်ပြီမို့ စောစောလေးအိပ်ယာက ထဖြစ်တယ် ကျောင်းမပို့ခင် ဘုရားဆွမ်းတော် အတွက်ရယ် သူယူသွားဖို့ မုန့်လေးတွေ သစ်သီးလေးတွေအတွက် ပြင်ဆင်ချက်ပြုပ်ရင်း မီးဖိုဆောင်ထဲမှာ ကျမအလုပ်တွေ ရှုပ်နေခဲ့မိတယ် သူ့အတွက်ပြင်ဆင်ပေးပြီး မနက်ရှစ်နာရီမှာ သမီးကိုကျောင်းကို အရင်ပို့ဖြစ် တယ် ကျောင်းပို့ပြီးပြန်လာမှ မနက် နေ့လည် ညစာ ဘာချက်ရင်ကောင်းမလဲဆိုပြီး စားဖို့သောက်ဖို့ အရင်စဉ်းစားပြီး ပြင်ရဆင်ရပြန်ပါတယ်။

မနက်စောစောစာအတွက် အုန်းနို့ခေါက်ဆွဲချက်လိုက်တယ် အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဘုရားဆွမ်းတော် ကပ်ဖို့ ပြင်ဆင်ပြီး အိမ်ပေါ်ထပ်ကို တက်ပါတယ် ဘုရားပန်းလဲ သောက်တော်ရည်တွေ ဘာတွေလဲပြီးတာနဲ့ ကျမ  ဘုရားရှိခိုးကာ ဆွမ်းတော်ကပ် အမျှဝေပြီး အောက်ထပ်ကို ပြန်အဆင်း
အောက်ထပ်ကို မရောက်ခင် လှေကားအလယ်လောက်ကနေ ခြေချော်ပြီး အောက်အထိ ကျခဲ့ပါတယ်
ကျမ ကံကောင်းတယ်ဘဲ ပြောရမလား တော်သေးတယ် ကြီးကြီးကျယ်ကျယ် ဘာမှမဖြစ်လိုက်ပါဘူး။

အသက်ကြောင့်ဘဲလား အိပ်ရေးမဝတဲ့ ရက်တွေများခဲ့လို့လားတော့ မသိတော့ပါဘူး လူကနဲနဲ ကတုန်ကရင် ဖြစ်နေခဲ့တယ်လေ ဒါကြောင့်မို့လဲ လှေခါးကနေ ခြေချော်ပြီးကျသွားခဲ့တာ ထင်ပါရဲ့ ခနနားပြီး နာနေတဲ့နေရာကို ဆေးလိမ်းကာ လုပ်စရာရှိနေသေးတဲ့ အိမ်အလုပ်တွေကို ဆက်လုပ်လိုက်ပါတယ်။

အိမ်ရဲ့ ဝေရာဝစ္စတွေပြီးတဲ့အခါမှာ မင်းကွန်းဆရာတော်ကြီးရဲ့ ပရိတ်ကြီးဆယ့်တစ်သုတ်ကိုဖွင့်ပြီး
တရားနာလိုက်ပါတယ် တရားနာအပြီးမှာတော့ မိုးလေကင်းလွတ်တာနဲ့ ကျမဈေးကိုသွားဖို့ ပြင်ဆင်ကာ အိမ်နဲ့သိပ်မဝေးတဲ့ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပြီးသွားရတဲ့ ဈေးကိုသွားလိုက်တယ်။

လမ်းလျောက်ခြင်းက ဆီးချိုဝေဒနာရှင်ဖြစ်တဲ့ ကျမရဲ့ကျန်းမာရေးအတွက် အရမ်းကို အထောက်အကူုပြုခဲ့ တာမို့ ပေါ့ပေါ့ပါးပါး ပစ္စည်းတွေဝယ်တဲ့နေ့ဆို ကျမအမြဲတမ်း လမ်းလျှောက်ပြီးဘဲ သွားတတ်ပါတယ် တစ်ချက် ခုတ်နှစ်ချက်ပြတ် ဆိုသလိုပေါ့ လိုတာလေးလဲရမယ် ကျန်းမာရေးအတွက်လဲ အထောက်အကူရတဲ့ နည်းလေး ဆိုရင်လဲ မမှားဘူးပေါ့။

ပေါ့ပေါ့ပါးပါး လိုချင်တာလေးတွေ ဝယ်ပြီးဈေးကအပြန် လမ်းတစ်ဝက်လောက်မှာ အံ့သြဖွယ်ရာ မြင်ကွင်းလေး တစ်ခုကို ကျမကြုံလိုက်ရပါတယ် ကျမနဲ့မျက်နှာချင်းဆိုင်ကနေ ခပ်သုတ်သုတ်ပြေးလာတဲ့ လူတစ်ယောက်ကို ကျမလှမ်းတွေ့လိုက်မိပါတယ် ကျမစိတ်အထင် တက္ကသိုလ်ကျောင်းဝင်းထဲက ကမျောသောပါး ထွက်လာမို့ ကျောင်းသားလေးတစ်ယောက် သူ့ကိစ္စနဲ့သူ အရေးတစ်ကြီး ထွက်လာတယ်ဘဲ ထင်မိပေမဲ့ ကျမရဲ့အနား ရောက်လေ သူ့ခြေလှမ်းတွေက သုပ်သီးသုပ်ပြာ ပိုနိုင်လေမို့ ကျမလဲ အံ့သြသွားမိတယ်။


သူ ကျမအနား ရောက်လာတဲ့အခါကျမှ သူ့ရဲ့အသံစူးစူးဝါးဝါးနဲ့  သူ့ကိုကူပါလို့ဆိုပြီး သူအော်ပြီးပြေးလာတာတွေ့ လိုက်ရပါတယ် ပြေးလာတာနဲ့အတူသူ လဲအနားကိုရောက်လာချိန်မှာ ကျမအရမ်းအံ့အားသင့်ပြီး တုံလှုပ် သွားမိခဲ့ပါတယ် သူ့အော်သံနဲ့အတူ သူ့ရဲ့နောက်မှာ အသံကုန်ဟစ်ကာ လိုက်လာကြတဲ့ ငှက်တစ်အုပ်က သူ့ကို လိုက်ပြီး ထိုးဆိတ်နေတာ တွေ့လိုက်ရတာပါဘဲ တစ်ခါမှ မကြုံဘူးတဲ့ ကျမလဲ အံ့အားသင့်ပြီး ခြေစုံရပ်နေလိုက်တယ်။

ပြီးမှ သူ့အတွက် လိုအပ်နေတဲ့ အကူအညီကို ပေးဖို့ကို ကျမအသက်ဝင်လာခဲ့မိပါတယ် သူ့အတွက်အကူ အညီကို ဘယ်လိုပေးရမလဲဆိုတာ စဉ်းစားပြီးတာနဲ့ တစ်ပြိုင်နက်ဘဲ ကျမရဲ့ လက်မှာကိုင်ထားတဲ့ ဈေးဝယ် လာတဲ့ အိတ်ကိုအသုံးချပြီး သူ့အတွက် အကူအညီကို ကျမပေးလိုက်မိပါတော့တယ်။

ကြောက်လန့်တစ်ကြား ပြေးလာတဲ့သူက ကျမနားအရောက်မှာ မြေကြီးပေါ် မျက်နှာအပ်ပြီး ခေါင်းကိုဝှက်ထား လိုက်တဲ့အချိန် ကျမလဲကြောက်ကြောက်နဲ့ ဈေးဝယ်လာတဲ့ အိတ်ကြီးကို လေထဲမှာဝှေ့ရမ်းကာ အန္တရာယ်ပေးလာတဲ့ ငှက်တွေကို ဘယ်ပြန်ညာပြန် ရမ်းပြီး မောင်းထုတ်ပေးလိုက်မိပါတယ်။

စူးစူးဝါးဝါးအော်ပြီး ထိုးဆိတ်ချင်နေတဲ့ ငှက်တွေဟာပထမတော့ ကျမကိုပါ ထိုးဆိတ်ဖို့ ဟန်ပြင်ကြပါသေးတယ် နောက်မှ ဆက်တိုက်ရမ်းနေတဲ့ ဈေးဝယ်အိတ်ကြီးကြောင့် သူတို့အဝေးကို ပြန်ထွက်သွားကြပါတော့တယ်
မောင်းထုတ်လိုက်တဲ့ ငှက်တွေအဝေးရောက်သွားတော့မှ ကျမလဲသက်ပြင်းကြီး ရှည်ရှည်ကြီးချနိုင်ပါတော့တယ် ။
သူလဲ ငှက်တွေအဝေးရောက်သွားတော့မှ မြေကြီးမှာမျက်နှာအပ်ပြီး ဝှက်ထားတဲ့ခေါင်းကို မော့လာနိုင်ခဲ့ပြီး သူလဲ သူသွားလိုရာ ခရီးဘက်ကို ကြောက်ကြောက်နဲ့ပြေး ကိုယ်လဲကိုယ်လာလိုရာ ခရီးဘက် ကိုကြောက်ကြောက်နဲ့ ပြေးခဲ့ရပါတော့တယ်။

အိမ်ရောက်တော့ လမ်းမှာကြုံရတာလေးကို သားကို ဗဟုသုတအနေနဲ့ ပြောပြတော့ တစ်ခါမှ ဒီလိုမျိုးမကြုံဘူးကြတဲ့ သူအတွက် အံ့အားသင့်စရာ တစ်ခုကြားသွားရသလို ဗဟုသုတလဲ ရသွားခဲ့ကြတာ ပေါ့နော်။

ဘာဘဲဖြစ်ဖြစ် ဒီလိုငှက်တွေနဲ့ တွေ့တဲ့အခါမှာ ရှောင်ရန်ဆောင်ရန်လေးတွေလဲ သိသွားခဲ့တာပေါ့လေ
မမျှော်လင့်ဘဲ လမ်းမှာကြုံခဲ့လို့ရှိရင် ဘယ်လိုရင်ဆိုင် ဖြေရှင်းရမယ်ဆိုတာ ကျမနဲ့သူတို့အတွက် သင်ခန်းစာ တစ်ခုဖြစ်ခဲ့တာတော့ အမှန်ပါဘဲ။

အိမ်မှာသားကို အတွေ့အကြုံလေးကို ပြောပြပြီး မောတာနဲ့ ဘာမှဆက်မလုပ်နိုင်သေးဘဲ ခနနားနေပြီး အဲဒီငှက်တွေအကြောင်းကို ထဲထဲဝင်ဝင် ကျမစဉ်းစားနေမိခဲ့တယ် အဲဒီငှက်တွေက ကျီးကန်းနဲ့တော်တော်
လေးတူတဲ့ မက်ပိုင်ဆိုတဲ့ ငှက်တွေပါ အဲဒီငှက်တွေက အရောင်တောက်ကို မကြိုက်ကြသလို သူတို့ရဲ့အသိုက် အမြုံရှိတဲ့နားကို ဖြတ်သွား ဖြတ်လာလုပ်ရင် ရန်သူထင်ပြီး ဝိုင်းဝန်းထိုးဆိတ်တတ်ကြတယ် ဆိုတာကို နောက်မှသိခဲ့ရပါတယ်။

နောက်ပြီး တစ်ပါးသူကို တိုက်ခိုက်လိုတဲ့ စိတ်ရှိတဲ့ ငှက်တွေဆိုတာလဲ သိခဲ့ရတယ် သူတို့က များသောအားဖြင့် အရောင်တောက်တောက်ဝတ်ပြီး စာပို့တတ်တဲ့ စာပို့သမားတွေကို အများဆုံး တိုက်ခိုက်တက်ကြတယ်လို့ လဲသိလိုက်ရပါတယ်။

ကျမ စိတ်အထင်မှာ တေးသီငှက်လေးတွေဟာ သိမ်မွေ့တယ်လို့ဘဲ ထင်ထားခဲ့ပြီး တစ်ကယ်တမ်း လက်တွေ့ မှာတော့ သူတို့လဲ သူတို့ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ သူတို့မှာရှိတဲ့ ခွန်းအားကိုသုံးပြီး တိုက်ခိုက်တတ်လာတယ် ဆိုတာသိလာရတော့မှ ချစ်စရာကောင်းတဲ့ ငှက်တွေထဲမှာလဲ ဓလေ့စရိုက် အစုံရှိပါလားဆိုတာကို ကောင်းကောင်းနားလည် သွားခဲ့မိပါတော့တယ်။

ဒီနေ့အတွက် ကျမရလိုက်တဲ့ ဗဟုသုတနဲ့ သင်ခန်းစာလေးပေါ့ တေးသီတတ်တဲ့ ငှမက်ကလေးတွေက ဒီလို စိတ်သဘောထားလေးတွေ ရှိနေခဲ့တယ်ဆိုတာကို သိလိုက်ရပြီးတဲ့ နောက်မှာတော့ အရာရာဟာ ကိုယ့်အတွက် စားသတိ လာသတိ သွားသတိရှိနေရမယ်ဆိုတာကို ငှက်ကလေးဆီကနေ သတိပေးခြင်းခံလိုက် ရပါတော့တယ်။

တစ်ကယ်ပါဘဲနော် တစ်နေ့တစ်နေ့ ကြုံရဆုံရတာလေးတွေများ မရိုးနိင်အောင်ကိုပါဘဲ ဒါဟာလဲ မာမာ့ရဲ့ တနေ့တာပါဘဲ။

mar mar lwin
9/5/2011

No comments:

Post a Comment