တစ်ခါတရံ မဟုတ်တဲ့ ရက်စက်မှုစကား ခပ်ခါးခါးတွေကြားမှာ
ငါရှင်သန်နေထိုင်လာခဲ့တာ နှစ်တွေတော်တော်တောင် ကြာသွားခဲ့ပါပြီ
ခါးသီးစွာနဲ့ အဲဒီအခါးတွေကို မြိုမြိုချ
မနှစ်မြို့စွာနဲ့ သောက်သုံးခဲ့ရတာလဲ
ငါ့ဘဝရဲ့ ဝဋ်ကျွေးကြောင့်ဘဲပေါ့။
ရံဖန်ရံခါ အမြင်ဝေဝါး
အမှားနဲ့အမှန် မခွဲတတ်ခင်လေးမှာ
ချိုတယ်အထင်နဲ့ သောက်ယူ စားသုံးမိခဲ့ရင်လဲ
အချိုရဲ့အနောက်မှာ တမာခါးခါးက
အမွှာလိုဘဲ ကပ်ငြိလာခဲ့ပြန်တော့
အမှားက အမှန်ဘယ်တော့မှ ဖြစ်မလာနိုင်သလိုမျိုး။
ကြာလာတော့ ငါ့ဘဝက
ဆေးခါးကြီး သောက်ပြီး
အသက်ရှင်နေထိုင်ရင်း
စိတ်တွေလဲ ခါးလာတယ်
အတွေးတွေလဲ ခါးလာတယ်
အာရုံတွေလဲ ခါးလာတယ်။
ယုတ်စွအဆုံး
ခန္ဓာကိုယ်ကို ထိမ်းချုပ်
အလုပ် လုပ်ပေးနေတဲ့
ငါ့ရဲ့ဦးနှောက်ကလဲ ခါးလာခဲ့တယ်။
ခါးသက်သက်ဖြစ်နေတဲ့ ဦးနှောက်မှာ
အမြင်တွေလဲ ခါး
အသိတွေလဲ ခါး
ခံစားမှုတွေကလဲ ခါး
အဲဒီ အခါးတွေက
ဦးခေါင်းအထက်မှာ ရောက်နေမှတော့
ငါ့ခန္ဓာမှာလှည့်လည် စီးစင်းနေတဲ့
နီနီစွေးစွေး သွေးတွေကလဲ
မကောင်းဆိုးဝါး သွေးဖြူဥ များသလို
အချိုတွေမဲ့ပြီး ခါးသွားခဲ့တယ်....။
mar mar lwin
27/6/2013
ခံစားမှု ကဗျာလေးကို အားပေးသွားပါတယ်..
ReplyDeleteကျွန်မဆို ရင်ထဲမှာ ခံစားချက်တွေ ရှိနေလဲ အစ်မလို ချမရေးတတ်ဘူးတော့ ..
နောက် blog တစ်ခုက ဘယ်တော့ ပြန်ဖွင့်မှာလဲ အစ်မ .. :P
ပြန်ဖွင့်ပေးမယ် ညီမလေးရေ ကိုယ့်ဘာသာကိုယ်ရှောက်ကလိပြီး ပြန်ဖွင့်တာဖွင့်လို့မရလို့ ခနစောင့်နော် ^_^
ReplyDelete