Saturday, June 29, 2013

မောက်မာလွန်းတဲ့ မာန်



တစ်ချို့က ပညာဂုဏ် မောက်တယ် 
ငါက သူများထက်သာတဲ့ ပညာတွေ တတ်တယ်ဆိုပြီး မောက်မာတတ်ကြတယ်။

တစ်ချို့က ပစ္စည်းဂုဏ် မောက်တယ်
ငါ့မှာ ဘယ်တော့မှ သုံးမကုန်နိုင်တဲ့ ပစ္စည်းတွေ ရှိတယ်ဆိုပြီး မောက်မာတတ်ကြတယ်။  

တစ်ချို့က ဆွေမျိုးဂုဏ် မောက်တယ်
ငါ့ဆွေ ငါ့အမျိုးတွေက ရာထူးဂုဏ်ရှိန်တွေ ကြီးမားကြတယ်ဆိုပြီး မောက်မာတတ်ကြတယ်။

တစ်ချို့က ဘာမှမဟုတ်ဘဲ အသားလွတ် ဂုဏ်မောက်တယ်
ငါ့မာနကို လာမထိနဲ့ ဆိုတာမျိုးပေါ့။

ဘယ်လိုအကြောင်းကြောင့်ဘဲ ဂုဏ်မောက်မောက်
အဲဒီလို လူမျိုးတွေကို ဝေးဝေးရှောင်ချင်တယ်။

ဘာလို့လဲဆိုတော့ အဲဒီလို လူမျိုးတွေက 
ကိုယ်ချင်းစာတရား ခေါင်းပါးတတ်လို့
ကြီးနိုင်ငယ်ညှင်း လုပ်တတ်လွန်းလို့
မြေနိမ့်ရာကို လှန်စိုက်တတ်လွန်းလို့
ငါစွဲတွေ စွဲတတ်လွန်းလို့
မာန်မာနတွေ ကြီးတတ်လွန်းလို့
မောက်မာလွန်းတဲ့ မာန်တွေကြောင့်
ဝေးဝေးလေးဘဲ နေချင်တယ်။

 Mar Mar Lwin (tuu mar)
14/4/2013

No comments:

Post a Comment