Monday, June 3, 2019

ကလေးမွေးပြီး မီးနေသည် ချွေးအောင်းခြင်း

  • Sydney မှာ ဆေးကျောင်းတက်နေတဲ့ သမီးငယ်လေးက ကျောင်းပိတ်တဲ့ ရက်တွေဆို မိဘအိမ်ကို ပြန်လာလေ့ရှိပြီး အမေကို ပေါက်ပေါက်ရှာရှာတွေလဲ အရမ်းဘဲ မေးတတ်ပါတယ် တရက်တော့
မေမေရေ မိခင်တွေ ကလေးမွေးပြီရင်း ချွေးအောင်းတယ်ဆိုတာ ဘာလဲတဲ့ ကလေးမွေးပြီး နနွင်းတွေလိမ်း နနွင်းမှုန့်တွေသောက်တာ ဘာလို့လဲတဲ့ မြန်မာဆရာ၀န်တယောက် ရေးထားတာ ဖတ်မိလို့တဲ့။

ဒါကဒီလိုရှိတယ် ရှေးအယူပေါ့ ကလေးမွေးပြီး ၀မ်းတွင်းက အပုတ်အစပ်တွေ ထွက်သွားအောင်ဆိုပြီး လုပ်ကြတာ မြေအိုးတလုံးထဲမှာ နနွင်းတက်တွေ ဆေးမြစ်တွေထည့်ပြီးရေနဲ့ရောပြီး ပြုပ်ရတယ်။

အဲဒီအိုးကိုပြုပ်ဖို့ မြေကြီးပေါ်မှာ တွင်းလေးတူးပြီး မီးဖိုရတယ် အဲဒီမီးဖိုပေါ်မှာ မြေအိုးကြီးတင်ပြီး အပူပေးထား အိုးအပေါ်မှာ ခလေးမွေးထားတဲ့အမေက ခုံလေးခုပြီး ထိုင်နေရတယ် တကိုယ်လုံး လုံအောင် ဝါးလုံးတွေနဲ့ယိုင်ပတ်လိုပါတ်ပြီး လူကိုအုပ် အဲဒီယိုင်ပါတ်ပေါ်မှာ ဆောင်တွေ အထပ်ထပ်အုပ်ပြီး ကာထားရတယ် နာရီ၀က် တနာရီကျော်လောက် ထိုင်ပြီးမှ အဲဒီအထဲကနေ ချွေးတလုံးလုံးနဲ့ အပြင်ကို ထွက်ရတယ်လို့ ပြောလိုက်တာ

ဟယ် စိတ်ညစ်လိုက်တာ မေမေရယ်တဲ့ မီးတို့ကို မွေးတုန်းက အဲလိုလုပ်လားတဲ့ :-Dပေါက်ပေါက်ရှာရှာဟယ် မလုပ်ပါဘူး ငါကလေး၂ယောက်မွေးတာ မီးတွင်း မီးထွက်ဆိုတာ ဘာမှန်းတောင်မသိဘူး မွေးပြီးနောက်နေ့ ဖလမ်းဖလမ်းကို ထနေတာဘဲလို့ ပြောလိုက်တာ ဟုတ်မှာတဲ့ ယုံတယ်တဲ့လေ :-

အဲဒီလိုနဲ့ နနွင်းလိမ်းတဲ့ အကြောင်းလေး ဆက်ပြောဖြစ်တော့ ရီလိုက်တာဆိုတာ ပြောမနေပါနဲ့တော့ သားကြီးမွေးခါနီးတော့ သူ့အဖေက ဖောင်ကြီး၃လ မွန်းမံသင်တန်း တက်ရတယ် သားကြီးကိုမွေးပြီး တပါတ်နေတော့ ကြားရက်ကြီး သင်တန်းကနေ ပြန်ချလာတယ် သူပြောတာတော့ သနပ်နဲ့ချိန် ဒင်နဲ့ထု အဲလေ သေနပ်ပစ်သင်တာ သေနပ်ထမ်းလိုက်တာ လည်ပင်ရိုးနာသွားလို့ ဆေးကုဖို့ပြန်လာရတာတဲ့။

သူပြန်လာတော့ မာမာက အခန်းထဲက ထိုင်ခုံပေါ်မှာ အမေလိမ်းပေးထားတဲ့ နနွင်းတွေနဲ့ တကိုယ်လုံး ၀င်းထိန်ပြီး စမတ်ကျကျနဲ့ထိုင်နေတာပေါ့ အဲဒီအချိန်မှာဘဲ အခန်းထဲကို ခြေလှမ်းကျဲကြီးနဲ့၀င်လာတဲ့သူ ရှေ့ဆက်မတိုးဘဲ တုန့်ကနဲဆို ရပ်သွားပြီး ကျောပိုးအိတ်ကလေး ဘုတ်ကနည်းချကာ အမေ့ကိုသွားခေါ်ပါလေရော။

အမေ သူနေမကောင်းဘူးလား အသားဝါဖြစ်တာလား ဘာလားပေါ့ အမေကလဲ နေကောင်းပါတယ် ဘာမှမဖြစ်ပါဘူး အခုနတောင် လက်ဖက်သုပ်နဲ့ထမင်းစားချင် တယ်ဆိုလို့ ကျွေးထားတယ်ပေါ့

ဘယ်ဟုတ်မလဲ အဲဒီအချိန်က မာမာ့အမေက မာမာ့ကို နနွင်းတွေလိမ်းပေးထားတာ တကိုယ်လုံး ဝါ၀င်းပြီး ထိန်ထိန်တောက်နေတာ အဲဒါကို မသိတော့ မြင်မြင်ချင်းလန့်သွားတာ 😀

ပြီးလဲပြီးရော အမေရယ် စိတ်ထဲဘယ်လိုမှ မထားနဲ့နော် အနံ့ကြီးနံလို့ရေချိုးခိုင်းလိုက် မယ်ဆိုပြီး အတင်းရေချိုးခိုင်းတာနဲ့ မာမာ့မှာ ချိုးလိုက်ရတဲ့ရေ နနွင်းတွေ ပြောင်စင်သွားအောင် နာရီ၀က်လောက်ကြာသွားတယ် 😀

ပြီးတော့ပြောသေးတာ ကလေးမွေးတာ ရောဂါမဟုတ်ဘူး မိန်းမသဘာ၀ဘဲ စားချင်တာစားပါ ဆိုတော့ ဘယ်ရမလဲ ဒီကလဲ အစားသမားဆိုတော့ ဘာမှမရှောင်ဘဲ တွယ်တာပေါ့လို့ ပြောပြလိုက်တော့

လေးစားပါတယ် သမီးတို့မေမေ တဲ့။

No comments:

Post a Comment