Monday, June 3, 2019

အိပ်ယာဝင် ဟာသ


ညအိပ်ယာ၀င်ခါနီးလေး ရီစရာလေး တပုဒ်တော့ ရေးလိုက်အုံးမှပါ လူတွေက ကိုယ်လှတယ် ကိုယ်ချောတယ် ကိုယ်တော်တယ် ကိုယ်ဘဲသန့်သန့်ပြန့်ပြန့် နေတတ်တယ် ဆိုတာကိုဘဲ လူတွေရှေ့မှာ ချပြချင်ကြတယ်။

ညစ်ပါတ်တာတို့ မသန့်ရှင်းတာတို့ လူ့ခန္ဓာကိုယ်မှာ ကျန်းမာရေးအတွက် ဖြစ်လေ့ဖြစ်ထ ရှိတာတွေဆို ချမပြချင်ကြတာ သဘာ၀ဘဲလေ။

မာမာကတော့ ညစ်ပါတ်ချင်ပါတ်ပလေ့စေ ကိုယ့်အတွက် ရီစရာလေး တခုရတယ်ဆိုရင် ဝါးလုံးကွဲ အော်မရီရရင် နေပါစေ ပြုံးပြုံးလေး ပြုံးလိုက်ရတယ်ဆိုရင် လူပိန်းတယောက်လိုဘဲ အရမ်းဘဲ ကျေနပ်မိပါတယ်။

ဘာလို့လဲဆိုတော့ အိမ်ကြီးထဲမှာ တယောက်ထဲရှိနေချိန် ညဘက်ကြီး တယောက်ထဲ ဖြတ်သန်းရတဲ့ အချိန်တွေမှာ အဲဒီညက သရဲမကြောက် ဘာမကြောက်ရဘဲနဲ့ ကိုယ့်အဖြစ်လေးကို ကိုယ့်ဘာသာကိုယ် တစိမ့်စိမ့်တွေးရင်းနဲ့ ကောင်းမွန်စွာ အိပ်ပျော်သွားခဲ့လို့ပါဘဲ။

အဖြစ်လေးကတော့ ဒီလိုပါ
ကိုယ်တခါမှ မရောက်ဖူးသေးတဲ့ မြို့လေးကို အိမ်စပြောင်းလာတော့ အိမ်ထဲမှာ ကိုယ်တယောက်ထဲဘဲ ရှိနေခဲ့ပါတယ် နေရာအသစ်ကလဲဖြစ်ပြန် တခါမှ မနေဘူးတဲ့ အိမ်ကလဲဖြစ်ပြန် ပါတ်၀န်းကျင်ကလဲ အသစ်ဖြစ်လေတော့ မနက်ပိုင်းကနေ ညနေနေ၀င်ချိန်အထိက နေရတာ စိတ်လက်ပေါ့ပါးသလောက် ညဘက်ဆိုတာကြီး ရောက်တာနဲ့ စိတ်ကအလိုလို အားငယ်လာခဲ့ရတယ်။

နောက်တခုက ဒီနိူင်ငံက အိမ်တွေမှာ ခြင်လုံဇကာတွေ သုံးထားတဲ့အတွက် အိပ်ယာပေါ်မှာ  ခြင်ထောင်ဆိုတာ မရှိကြဘူး အိပ်ပြီဆိုတာနဲ့ ကုတင်ပေါ်မှာ ပက်လက်ကြီး ဟာလာဟင်းနဲ့ဆိုတော့ အိပ်ရတာ မလုံခြုံသလိုမျိုးတော့ ခံစားရယ် ဒီတော့ စိတ်လုံခြုံအောင် ဆောင်ခြုံချင်ရင်တော့ ခြုံပေါ့လေ။

မိုးချုပ်ပြီဆိုတာနဲ့ အိပ်ယာဘေးက စားပွဲပုလေးပေါ်က စာကြည့့်မီးလုံးလေးဖွင့်ကာ ကုတင်ပေါ်တက် ဆောင်လေးခြုံပြီး နားနေပေမဲ့ အိမ်ပြောင်းကာစ အင်တာနက်က မရသေးတော့ စာအုပ်ဘဲ ဖတ်ဖို့ရှိလေတော့ ရှိသမျှစာအုပ်တွေ အိပ်ယာဘေးချပြီး ဖတ်ချင်တာလေးတွေ တအုပ်ပြီးတအုပ် ယူပြီးဖတ်ရတော့တာပေါ့။

တရက်မှာ ဖြစ်ချင်တော့ တနေကုန် တယောက်ထဲ စားချင်တာတွေစားတယ် အချဉ်တွေ အငံတွေ အစပ်တွေ စားထားသမျှ တနေကုန် အစာတွေက ဗိုက်ထဲမှာ အပြည့်အသိပ်နဲ့ အိပ်ယာဝင်ဖြစ်သွားတယ်။

အဲဒီနေ့က အိပ်ယာပေါ်မှာ ယူဖတ်မိတဲ့ စာအုပ်က ရှားလော့ဟုမ်း စာအုပ်လေး ဖြစ်နေတယ် စာအုပ်ထဲက ကိုယ်ဖတ်မိတာက ဂျော်ကီအသတ်ခံရတဲ့ အမှုအကြောင်း။

ဂျော်ကီအလောင်းကို ရှားလော့ဟုမ်းက သွားကြည့့်ချိန် ကိုယ့့်ဗိုက်ထဲကလဲ တနေကုန် စားထားတဲ့ အစာတွေက ဒါတ်လဘိုင်လိုက်ကာ တတိယကမ္ဘာစစ်ကြီး ဖြစ်လောက်နီးပါး ဖြစ်လာခဲ့ပြီ။

ဂျော်ကီ့အလောင်းကိုလဲ ရှားလော့ဟုမ်းနဲ့ အတူတူလဲ မကြည့်ရဲ ကြည့့်မိပြန်ရင်လဲ လန့်ပြီးအိပ်ပျော်တော့မယ်မထင် ဗိုက်ထဲကလဲ တဂွီဂွီတဂွမ်ဂွမ်တွေ ဖြစ်လာလေတော့ စာအုပ်ကလေး အသာပိတ် ကုတင်အောက်နား ချထားပြီး စာကြည့်မီးလေးကို ဖျတ်ကနည်း ပိတ်လိုက်တယ်။

ချမ်းလွန်းလို့ အိပ်ယာပေါ် စရောက်ထဲက တကိုယ်လုံး လုံနေအောင် ခြုံထားတဲ့ ဆောင်ပုံကြီးကို ကြောက်ကြောက်နဲ့ ဖတ်ကနည်းစွဲပြီး ခေါင်းပါလုံအောင် ခြုံပလိုက်တော့တယ်။

အသက်ရှူကြပ်ပေမဲ့ လယ်ကန်သင်းရိုးနားက ဂျော်ကီ့အလောင်း သေးသေးလေး (ပြိုင်ပွဲ၀င် မြင်းစီးသမားတွေက လူလေးတွေ သေးသေးညှက်ညှက်လေးတွေ ) ကို မျက်စေ့ထဲ ကိုယ့်ဘာသာကို ပုံဖော်နေတုန်းမှာ

(ဘူး)ကနည်းဆိုပြီး ထွက်လာတဲ့ လေသံကြီးက အနုမြူဗုံး ခွဲလိုက်သလား အောင့်မေ့ရတယ် ဂျီအီးဂျီလန့်တယ်ဆိုတာ ဒီလိုအသံမျိုးကို ခေါ်မလားဘဲ ဟဲ ဟဲ။

အသံနောက်က ကပ်ပါလာတဲ့ အနံ့အသက်ကြောင့် အသက်ရှူတွေကြပ်ကာ သတိတွေဘာတွေတောင် လစ်သွားသလိုလိုဖြစ်ပြီး ဖလူးဖလူး ဘလူးဘလူးတွေဖြစ်ကာ မျက်စေ့စုံမှိတ်ပြီး ဆောင်ပုံကြီးထဲကနေ နှာသီးဝလေးကို အသာလေး အပြင်ထုတ်လိုက်တော့မှ ကမ္ဘာကြီးက ငြိမ်းချမ်းသွားတော့တယ်။

ကိုင်း ထပ်တူအဖြစ်မျိုး ကြုံဖူးကြသလား ထပ်တူမဟုတ်ရင်တောင် ခပ်ဆင်ဆင် အဖြစ်မျိုးတော့ ကြုံဖူးကြမယ် ထင်ပါတယ်
မကြုံဖူးဘူး ဆိုရင်တော့ ဝိုင်းစုခိုင်သိမ်း ပြောသလို ပြောလိုက်မှာနော် ဟွန်း လူလိမ် လိမ်နေတာလို့ ဟဲ ဟဲ စတာပါ စတာပါ။

ရလာတဲ့ လူ့ဘဝ တိုတိုလေးမှာ ပျော်ရွှင်ခြင်းနဲ့ ဖြတ်သန်းနိူင်ကြပါစေ။

မာမာလွင်

No comments:

Post a Comment