Thursday, June 6, 2019

ငြိမ်းချမ်းရေးနှင်းဆီ



အခုတလော face book မှာ ယောက္ခမနဲ့ချွေးမ မတည့်တဲ့ အကြောင်းတွေ ရေးကြ share ကြနဲ့ မကြာမကြာ တွေ့နေရတတ်ပါတယ်။

ချွေးမလုပ်သူက သားကို အပိုင်သိမ်း နွားတကောင်လို ခိုင်းချင်နေကြရင်တော့ မွေးထားတဲ့ အမေက လက်ပိုက်ပြီး ကြည့်မနေရက်တဲ့အခါ မိခင်က သားဇောနဲ့သားနဲ့ပါတ်သက်ပြီးမှ တော်လာရတဲ့ ချွေးမကို ပြောမိဆိုမိမှာ အမှန်ပါဘဲ။

ချွေးမကလဲ ယောက္ခမကို နေရာတကာပါတဲ့ ယောက္ခမဆိုပြီး အမြင်မစောင်းဘဲ အမေအရင်းလို သဘောထားပြီး ဆက်ဆံရင် ယောက္ခမက သားတစ်ယောက်လုံး ထိုးကျွေးလိုက်ရပေမဲ့ ချွေးမကို သမီးလေးတစ်ယောက် အဆစ်ရလိုက်တယ်ဆိုပြီး ၀မ်းသာအဲလဲနဲ့ ပီတိဝေနေတတ်တဲ့ ယောက္ခမအမေ ဖြစ်လာမှာဘဲ။

ယောက္ခမကလဲ ချွေးမကို ငါ့သားအတွက် အကောင်းဆုံး တိုးတိုးဖော်လေး ရသွားပြီဆိုပြီး ချွေးမကို သမီးအရင်းလေးကို ချစ်သလိုမျိုး ချစ်ပေးကြည့်လိုက်ရင် ချွေးမဆိုတာ ကိုယ့်ဝမ်းနဲ့ လွယ်မမွေးရပေမဲ့ သမီးလေး တယောက် ဖြစ်လာမှာ အမှန်ပါဘဲ။

နှစ်ဦးနှစ်ဖက် မျှဝေယူလို့ရနေတဲ့ ကိစ္စကို မျှဝေမယူဘဲ ယောက္ခမကလဲ ငါက သားပေးလိုက်ရတာဆိုပြီး တက်မထောင် ချွေးမကလဲ သားကိုယူပြီး သူ့သားကို ငါရနေပြီဆိုပြီး အမေကို မကြည်ဖြူဘဲ တက်မထောင်နေရင်တော့ တက်ညီလက်ညီ မလှော်ဘဲ တက်မတထောင်ထောင် လုပ်နေသ၍ ယောက္ခမနဲ့ချွေးမဆိုတဲ့ စုတ်ဝဲ မှုတ်ဝဲကြီးတွေထဲမှာ ရုန်းမထွက်နိူင်ကြဘဲ ယောက္ခမနဲ့ချွေးမက တစောင်းစေးနဲ့ မျက်ချေးဘဲ ဖြစ်နေကြအုံးမှာပါ။

ကိုယ်တွေကတော့ မတော်ရသေးတဲ့ ချွေးမကို အခုထဲက သားထက်တောင် ပိုချစ်နေသလိုဘဲ ကိုယ့်တုန်းကလဲ ယောက္ခမချစ်တာ အလိုလိုက်တာ ခံရတော့ စိတ်ချမ်းမြေ့ခဲ့ရတယ်။

ကိုယ့်သားလေးကျရင်လဲ ကိုယ့်ယောက္ခမရဲ့ထုံး နှစ်လုံးမူရမယ် ချွေးမကို တွေ့တာနဲ့ ဘာလိုချင်လဲ ဘာစားချင်လဲ ဘာစာအုပ် ဖတ်ချင်လဲကအစ တလတခေါက် မြို့ရောက်လို့ သွားတွေ့တိုင်း စိတ်ချမ်းမြေ့ရလေတော့ ကိုယ်တော်ရမဲ့ ေ ချွးမက လိမ္မာတယ်ဆိုရင် ကိုယ်ကလဲ အလိုက်သိတတ်ရမယ် ဒါမှ ကိုယ့်သားရော ချွေးမပါ ကိုယ့်လိုဘဲ စိတ်ချမ်းမြေ့ကြရမှာဘဲ။

မိသားစုများအားလုံး ငြိမ်းချမ်းကြပါစေရှင်။
မာမာလွင်

No comments:

Post a Comment