ဒီနေ့မိုးလေလေးအေးတော့
ရာဂါဟောင်းက ပြန်ထလာတယ်
ကျမရဲ့  အိမ်ကိုပြန်ချင်တဲ့ စိတ်တွေက
ဘယ်လိုမှ တားထားလို့ မရခဲ့တော့ပါဘူး။
အမေနဲ့အဖေ့ကို လွမ်းသလို
မောင်နှစ်မတွေ သူငယ်ချင်းတွေကိုလဲ လွမ်းမိတယ်။
ဒါကြောင့်မို့ ကျမကို မျိုးချစ်မဆိုပြီး ခနခန ပြောတာတွေလဲ ခံရတတ်တယ်
အဖေ့အမျိုးနဲ့ အမေ့အမျိုးတွေမှာ အမေ့အမျိုးတွေနဲ့က
ပိုပြီးရင်းနှီးကြသလို အမေ့အမျိုးတွေ အကြောင်းကိုလဲ
မကြာမကြာ စိတ်ထဲမှာ ရောက်နေတတ်ပါတယ်။
အမေက မောင်နှစ်မတွေ အများကြီးထဲကမှ အငယ်ဆုံး
သူတို့မောင်နှစ်မတွေကို အဖွားခေါ်တဲ့ နံမည်လေးတွေက
အရမ်းကို ချစ်ဖို့ကောင်းတယ်။
အသန်း အစိန် အလှိုင် အလှ အမြ
အဆိုင် အမြင့် အရီလေးတဲ့
အကြီးဆုံး ကြီးကြီးရယ် ဥုးဇင်းတစ်ပါးရယ်ကလွဲရင်
အဖွားက သူ့သားသမီးတွေကိုခေါ်တဲ့ နံမည်လေးတွေ
ချစ်ဖို့ အရမ်းကောင်းပါတယ်။
အဲဒီအမျိုးတွေ မွေးဖွာကြးရာရွာ ကြီးပြင်းပြီး ခေါင်းချသွားကြတဲ့ရွာ
ကျမကိုယ်တိုင်လဲ အဲဒီရွာမှာမွေးပြီး အဲဒီရွာမှာကြီးခဲ့တဲ့ရွာ
ကျမတို့ရဲ့ရွာလေးက မြောင်းတကာရွာပါ။
ကျမ သံယောဇဉ် အရမ်းရှိခဲ့တဲ့ရွာ
မိုးရွာလို့ ရွာကိုလွမ်းတာ
မိုးတွေရွာလို့ ရွာကို ပြေးချင်တာ
ဒါဆိုရင်တော့ ခြေတိုင်ခင်တဲ့ကျမ
ကျမ မလွန်ပါဘူးလို့။
Mar Mar Lwin
No comments:
Post a Comment