ကျမတို့တတွေ ဆုံကင်းရွာကေ နလေရှီးမြို့ကို ခရီးဆက်ကြပါပြီ ဆုံကင်းရွာကနေ စပြီးထွက်ကတည်းက ချမ်းစိမ့်စိမ့် အရသာကို စတင်ပြီး ခံစားရပါတော့တယ်။
ဝါးရုံတောထဲက အဖြတ်မှာ လေယူရာတိမ်းတတ်တဲ့ ဝါးကိုင်းတွေကြောင့် ပိုပြီးတော့တောင် ချမ်းစိမ့်စိမ့်က နိုင်လာခဲ့ပါသေးတယ်။
လအဝှေ့မောကြောထဲက စိမ့်ကနဲ စိမ့်ကနဲ ဖြစ်သွားသလို နောက်ထပ်ကျော်ဖြတ်ရအုံးမဲ့ တောင်တန်းကြီးကိုလှမ်းကြည့်ပြီး မျက်ရည်တွေလေဲ တတွေတွေ ကျခဲ့ရတာလဲ အခါခါပါဘဲ။
အားမတန်လို့ မာန်လျှော့ပြီး နောက်ကြောင်းကို ပြန်လှည့်ရအောင်ကလဲ ခရီးစဉ်ရဲ့ သုံးပုံနှစ်ပုံလောက်ကိုအောင်မြင်စွာနဲ့ တက်ခဲ့ပြီးပြီမို့လို့ ကျမအနေနဲ့ လက်မလျှော့ချင်တော့တာတော့ အမှန်ပါဘဲ။
နောက်တစ်ခုက ခရီးစဉ် တစ်ခုလုံးမှာ ကျမတို့နဲ့ အတူပါလာခဲ့တဲ့ သားလေးဟာ ကျန်းမာပျော်ရွှင်စွာနဲ့ လိုက်ပါလာတဲ့အတွက် အဲဒါတစ်ခုကတော့ ကျမတို့အတွက် တော်တော်လေး ဝမ်းသာခဲ့ရတဲ့ ကိစ္စတစ်ခုလဲ ဖြစ်ခဲ့ရပါတယ်။
ဒါကြောင့်မို့လို့ အရာရာကို ကျမအနေနဲ့ လက်မလျှော့ချင်တော့ဘဲ ကြမ်းတမ်းခက်ခဲလွန်းတဲ့ ဒီလမ်းခရီးကိုဆက်လျှောက်ဖို့အတွက် ကျမရဲ့ စိတ်ကို ဒုန်းဒုန်းချပြီး ကျန်ရှိတဲ့ ခရီးကို ဆက်ပြီးသွားခဲ့ရပါတော့တယ်။
သည်းထိတ်ရင်ဖို
ဆုံကင်းရွာက အထွက်မှာ အလွန်မတ်စောက်တဲ့ တောင်နှစ်လုံးကို တောင်တက်လမ်း ဘေးဘီမှာရှိတဲ့ သစ်ပင်လေးတွေကို အားပြုရင်း တွယ်ကုတ်ပြီးတက်ရတာက ကျမအတွက် အရမ်းကို ပင်ပန်းစေခဲ့ပါတယ်။
ပြုတ်ကျရင်လဲ အရိုးအသားပါ ရှာလို့တောင် မရတဲ့ဘဝကို ရောက်မှာမို့ ရှိသမျှ အားအင်တွေသုံးပြီး တက်ခဲ့ရတဲ့ မတ်စောက်တဲ့ တောင်ကြီးနှစ်လုံးကို တက်လို့အပြီးမှာတော့ မိုးတွေက သဲသဲမဲမဲကိုဘဲ ရွာချလိုက်ပြန်ပါတယ်။
ရွာချလိုက်တဲ့ မိုးရေတွေထဲမှာ နောက်ဆက်တွဲ ပါလာတဲ့ ဆိုးကျိုးတွေကတော့ တောင်အဆင်းလမ်းမှာ မိုးရေကြောင့် ပြိုကျလာတဲ့ မြေကြီးပဲ့တွေ ကြားထဲကနေ တောင်အောက်ကို ပြုတ်မကျအောင် ဖင်ဒရွတ်တိုက်ပြီး လျှောတိုက်ကာ ဆင်းရတာပါဘဲ။
![]() |
| တာင်စောင်းပေါ်မှ နာဂတို့ရဲ့ အိမ် |
ကံကောင်းလို့ ဘာမှမဖြစ်ပေမဲ့ ကံမကောင်းခဲ့ရင်တော့ အမေ့လို့သာ အော်နိုင်ပြီး တောင်အောက်မှာ ကျားစာ ဝက်ဝံစာ မြေခွေးတို့ရဲ့  အစာဖြစ်သွားရမဲ့ ကိန်းပါဘဲ။
ရင်သပ်ရှု့မောစရာ အရမ်းကောင်းတဲ့ ကျမတို့ရဲ့ စွန့်စားခန်း တစ်ခုဆိုရင်လဲ မမှားခဲ့ပါဘူး တောနက်နက် တောင်မြင့်မြင့်တွေ ကြားထဲမှာ နောက်တစ်ခု ကြောက်စရာ အသည်းယားစရာ အရမ်းကောင်းတာက လူသွားလမ်းလို့ အမည်မခေါ်လောက်တဲ့ သစ်ပင်အုံ့ စိုင်းစိုင်းတွေ ကြားထဲက လမ်းသွယ်လေးရဲ့အထက်မှာ မိုးရွာလို့ နိုးထလာတဲ့ အသဲယားစရာ အလွန်ကောင်းတဲ့ ကျွတ်ကြီးတွေပါဘဲ။
သူတို့ရဲ့  လမ်းလျှောက်သံတွေယာ တစ်ဖျောက်ဖျောက်နဲ့ မြည်နေတဲ့အတွက် အသံကြားလို့ ခေါင်းကိုမော့ကြည့်လိုက်တဲ့ အခါမှာတော့ ကျမတို့ဆီက သွေးတွေကို စုတ်ယူစားသုံးဖို့အတွက် ခြေလှမ်ကျဲကြီးတွေနဲ့ မဲမဲပျော့ပျော့ လန်းလန်း လန်းလန်းနဲ့ လာနေကြတဲ့ ကျွတ်အကောင် မဲမဲကြီးတွေပါဘဲ။
သူတို့ဟာ ခေါင်းအထက်မှာ ခေါင်မိုးလို ယှက်နေတဲ့ သစ်ကိုင်းတွေဆီကနေ လူတွေဆီကို ခုန်ခုန်ချပြီး ခိုအောင်းလို့  ကောင်းတဲ့ နေရာတွေမှာ တွယ်ကပ်နေကြပြီး ကျမတို့ဆီက သွေးတွေကို စုတ်ယူသုံးစွဲကြတာပါဘဲ။
သူတို့စပြီး တွယ်ကပ်နေချိန်မှာမသိသာပေမဲ့ သွေးဝလာတဲ့ အခါမှာတော့ သူတို့တွယ်ကပ်ပြီး သွးစုတ်နေတဲ့ နေရာမှာ ယားသလိုလို ဖြစ်လာခဲ့ပါတယ်။
အဲဒီလိုဖြစ်လို့ လက်နဲ့ပွတ်လိုက်တယ်ဆိုရင်ဘဲ တစ်ကောင်တစ်ကောင်ကို လက်ခုတ်ထဲမှာ ပြည့်လောက်အောင် သွေးတွေစုတ်ပြီ ဝနေကြတဲ့ ကျွတ်ကြီးတွေကို ကိုင်မိတော့တာပါဘဲ။
အသဲယားစရာ ကောင်းတာထက် အဲဒီအချိန်မှာတော့ ပျော့အိအိ ကျိချွဲချွဲကြီးတွေ ကိုင်မိတဲ့အတွက် ရွံစရာကပိုပြီး ကောင်းနေခဲ့ပါတယ်။
သူတို့သွေးစုတ်လို့ ကျန်ခဲ့တဲ့ အရည်ပြားနေရောဟာလည်း အနာကွက်ကြီး လိုကျန်ခဲ့လို့ ဆေးထဲ့ဆေးသောက်လုပ်မှသော အနာတွေကို ဖြစ်ခဲ့ရပါတော့တယ်။
လေရှီးမြို့ရဲ့ အငွ့အသက်လေး ရလာခဲ့ခြင်း
![]() |
| နာဂပွဲတော် |
ဒေီလိုနဲ့ ခရီးဆက်လာလိုက်ကြတာ ညနေလေးနာရီကျော်ကျော်မှာ နတော်တော်လေး စောင်းသွားတဲ့ အချိန်ဖြစ်သွားပါပြီ။
အဲဒီအချိန်မှာဘဲ လာကြိုတဲ့အထဲက တယောက်က ဆရာကတော်နဲ့ ဆရာတို့ရေ မတ်စောက်မြင့်မားတဲ့ တောင်အဆင်းခရီးကလဲ ပြီးသလောက်လာက် ဖြစ်သွားခဲ့ပြီးမို့ ခြေလှမ်းခပ်သွက်သွက်ကလေး လှမ်းလိုက်ကြရအောင်တဲ့။
ဒီလိုနဲ့ ကျန်တဲ့မြေ မပြန့်တပြန့် ခရီးကို ကျမတို့တွေ ဆက်ကြရပြန်ပါတယ် ပါလာတဲ့ စားစရာလေးတွေလဲ ကုန်သလောက်နီးပါး ဖြစ်သွားခဲ့ပြီး ကျောပိုးအိတ်က ပေါ့သွားခဲ့ပေမဲ့ ပင်ပန်းတဲ့ အရှိန်တွေကြောင့် လူကတော့ လေးလံထိုင်းမှိုင်းလို့သာ နေခဲ့ပါတယ်။
တောနက်နက်ထဲမှာ ဖြစ်နိုင်ရင် စကားမပြောဖို့ မှာထားတဲ့အတွက် လမ်းတလျှောက်လုံး တယောက်နဲ့တယောက် လက်ဟန်ခြေဟန်တွေသာ ပြောခဲ့ကြရပါတယ်။
လေရှီးမြို့ရောက် ဖို့နှစ်မိုင်လောက် အလိုမှောတာ့ မိုးကမှောင်သွားခဲ့ပါပြီ အသင့်ပါလာတဲ့ မီးဒုတ်များကိုထွန်းပြီး ခရီးဆက်ကြပြန်ပါတယ် လေရှီးမြို့ ကိုရောက်ဖို့ တစ်မိုင်လောက် အလိုမှာတော့ တောထဲကနေ ဆင်အော်သံနဲ့ တူလွန်းတဲ့ ဝူး ဝူး ဝူး ဝူးဆိုတဲ့ အသံတွေကို စတင်ပြီး ကြားလာရပါတော့တယ် ။
အရင်ကမှေ ကြာက်အားပိုခဲ့တဲ့ ကျမ ခြေတွေ လက်တွေတုံပြီး ဇီးစေ့လာက်သာရှိသော မျက်နှာကို ပိုင်ဆိုင်ခဲ့တဲ့ကျမ ဖြစ်သွားခဲ့ရပါတော့တယ်။
တိတ်ဆိတ်နေတဲ့ တောကြီးမျက်မည်းထဲမှာ ဘာမှလဲ မမေးရဲလို့ မျက်စေ့သူငယ် နားသူငယ် ဖြစ်နေချိန်မှာဘဲ ကျမတို့နဲ့ မလှမ်းမကမ်းဆီကနေ ဝူး ဝူး ဝူး ဝူးဆိုပြီး အသံတွေကြားလာ ရပြန်ပါတယ်။
တောင်တွေကြားထဲမှာမို့လို့ ပဲ့တင်သံတွေက တော်တော်နဲ့ တိတ်မသွားဘဲ ကိုယ့်ဆီကိုဘဲ အသံတွေက ပြန်ပြန်လာနေတာကို ထပ်ခါထပ်ခါ ကြားနေရပါတယ်။
ရင်တစ်မမ
ကြောက်ကြောက်နဲ့ လျှောက်လာခဲ့တဲ့ လမ်းတစ်လျှောက်မှ မနက်ဝေလီဝေလင်း အချိန်ကစလို့ မိုးချုပ်တဲ့အထိ နေကညိုလာလေ ကြောက်စိတ်က ပိုလာလေလေ ဖြစ်ခဲ့ပါတော့တယ်။
တောတွင်းတိရိတ္ဆန်တွေရဲ့ အသံတေ အမျိုးစုံတွေရဲ့  ကြားထဲမှာ ဝူး ဝူး ဝူး ဝူး ဆိုတဲ့ အသံတွေကို နောက်မှသိလိုက်ရတာက လေရှီးမြို့  အဝင်နားက တစ်မိုင်ချောင်းမှာ လာကြိုနေတဲ့ သူတွေဆီက အချက်ပေးတဲ့ အသံတွေဖြစ်ပြီး ကျမတို့ဘက်က ပါလာတဲ့ သူတွေကလဲ လာနေကြပြီ ဆိုတာကို တစ်ဝူးဝူးနဲ့ အသံတွေေ ပြန်ပေးပြီး တောထဲမှာ ဆက်သွယ်ကြတဲ့ အသံတွေမှန်း သိလိုက်ရပါတော့မှ ရင်ထဲမှာောကြောက်နေတဲ့ အကြောက်လုံးကြီး ကျသွားခဲ့ရပါတော့တယ်။
လေရှီးမြို့ ကို ရောက်ခါနီးပြီဆိုတဲ့ အသိစိတ်ကြောင့် စိတ်အေးလက်အေး ဖြစ်သွားခဲ့ရပေမဲ့ မြို့ထဲကိုရောက်အောင် လျှောက်ရအုံးမှာမို့လို့ ရှိသမျှအားလေးကို တော့တင်းထားရဆဲပါဘဲ။
ဒီလိုနဲ့ ညကြီးမိုးချုပ် ၈နာရီလောက်မှာတော့ မြို့ထဲလဲ ရောက်တော့မယ် စကားတွေလဲ ပြောလို့ရပြီလဲဆိုရော ခရားရေလွှတ် လုပီးပြောကြတော့ပါဘဲ။
မိုးလေးကလဲ တဖွဲဖွဲလေးဘဲ ရွာတော့တာမို့လို့ အရမ်းကြီးလဲ စိတ်ပန်းလူပန်း မဖြစ်တော့ဘဲ စကားတစ်ပြောပြောနဲ့ လျှောက်လာလိုက်ကြတာ လာကြိုသူတွေရောက်နှင့်နေတဲ့ တစ်မိုင်ချောင်းရဲ့ ရေစီးသံညိမ့်ညိမ့်လေးတွေက နားထဲမှာကြားလာခဲ့ပါပြီ။
မြေပြန့်ဆံဆံချောင်းလေး ဖြစ်သွားပြီမို့လို့ ရေစီးလဲ မကြမ်းတော့သလို ညင်သာစွာနဲ့ဘဲ စီးဆင်းရင်း တောသဘာဝရဲ့ တေးသံသာကို ချောင်းရေအလျင်က တစ်သွင်သွင်စီးကာ သီဆိုရင်းနဲ့ ကျမတို့ကို အေးချမ်းသာယာစွာနဲ့ လေရှီးမြို့လေးကနေ ကြိုဆိုခဲ့ကြပါတော့တယ်။
![]() |
| နာဂရိုးရာဝတ်စုံပြည့် ဝတ်ထားသော နာဂလူမျိုးများ |
ရောက်ခဲ့ပါပြီရှင် လေရှီးမြို့ နဲ့ တစ်မိုင်သာ ဝေးတော့တဲ့ တစ်မိုင်ချောင်းကို လာကြိုသူတွေ ဖိုထားတဲ့ မီးဖိုကြီးကို ခပ်ဝေးဝေးက မြင်လိုက်ရတယ်ဆိုရင်ဘဲ ကျမရင်ထဲက ကျမတို့တွေ ဒီခရီးကို အောင်မြင်စွာနဲ့ ဖြတ်ကျော်လိုက်နိုင်ပြီဆိုတာ သိလိုက်ရပါတယ်။
နှေးကွေးစွာနဲ့ စီးဆင်းနေတဲ့ ချောင်းကလေးအနားကို ရောက်လာလေလေ ကျမပျော်မိလေလေပါဘဲ လာကြိုသူတွေကလဲ သူတို့ယူလာတဲ့ မုန့်လေးတွေကို ကျမတို့ဆီ ကမ်းပေးကြပြီး ဝမ်းသာနေတဲ့ မျက်နှာပေးလေးတွေနဲ့ ကြိုဆိုကြတဲ့အတွက် ကျမအတွက်တော့ အမောတွေလဲပြေပြီး ရေသစ်မြေသစ်နေရာသစ်မှာ စိတ်သစ်လူသစ်နဲ့နေရာသစ်မှာ နေရအုံးမှာမို့လို့ အရမ်းကို ပျော်ခဲ့ရပါတယ်။
လမ်းတစ်လျှောက် ခရီးစဉ်ကို ပြန်ြပီးတွေးလိုက်တိုင်းလဲ ကျမအတွက် ဒီခရီးစဉ်ဟာ တောအထပ်ထပ် တောင်အစွယ်စွယ်ကို ကျော်ဖြတ်ရတဲ့ ခရီးစဉ် ဖြစ်နေတဲ့အတွက် အောင်မြင်စွာနဲ့ ရောက်ခဲ့ပြီမို့ ရင်ဝယ်ပီတိ ဂွမ်းဆီထိပေါ့ရှင်။
အပိုင်း(၄)သို့ဆက်ပါမည်
မာမာလွင်
၂၃၊ ၆ ၊၂၀၁၃



No comments:
Post a Comment