![]() |
| ချစ်စရာ့ပန်းပွင့်လေး |
မေ့မေ့အချစ်ဆုံးပန်းပွင့်လေးသို့
ဒီစာလေးက ရေးထားခဲ့တာကြာနေပါပြီ အရင်ဘလော့အဟောင်းလေးက ပြန်ယူထားတဲ့စာသားလေးတွေပါ
မိသားစု အရမ်းနည်းလွန်းတဲ့ကျမမှာ အနားမှာရှိနေတဲ့ သမီးလေးအကြောင်းကို တိုက်ဆိုင်မှုလေးတွေရှိတိုင်း ကျမစာလေးတွေရေးပြီး ထားတတ်ခဲ့ပါတယ် သူမအတွက်ကို ကျမမကြာမကြာ စာလေးတွေကဗျာလေးတွေ အမှတ်တရ ရေးဖွဲ့ထားတတ်တဲ့အထဲက အခုဒီစာလေးကိုအမှတ်တရ ပြန်တင်ပေးထားတာလေးပါ။
ကျမမှာ သိပ်ချစ်ရတဲ့ သားတစ်ယောက်သမီးလေးတစ်ယောက်ရှိပါတယ် သူ့တို့က ကျမအတွက်အရမ်း တန်ဖိုးရှိပြီး အဖိုးမဖြတ်နိုင်တဲ့ရတနာလေးတွေပါ သားဆိုတာ အားတဲ့သမီးဆိုတာ ထီးတဲ့ ကျမအတွက်တော့ ဒီစကားလေးက အရမ်းကိုအဖိုးတန်တဲ့စကားလေးပါ ကျမရဲ့သားလေးက ကျမအတွက် အားအင်ပြည့်တဲ့ လက်ရုံးတစ်ခုဖြစ်သလို သမီးလေးကကျမအတွက်တော့ထီးကောင်းလေး တစ်လက်ဖြစ်လာလိမ့်မယ်လို့ တစ်ထစ်ချ ယုံကြည်ထားမိပါတယ်။
သူမကို ထီးကောင်းလေးတစ်လက်ဖြစ်အောင်လဲ အမေဖြစ်တဲ့ကျမက ခေါင်လုံလုံလေးဖြစ်အောင်တော့ ချုပ်ပေးတတ်ဖို့တော့လိုမှာပါ သူမဘဝလေးအေးချမ်းစွာနေနိုင်ဖို့ကို ကျမဖက်ကလဲ လမ်းတည့်ပေးနိုင်အောင်လဲ
ကျမဖကျိုးစားရမှာပါ သူမအောင်မြင်မှုသရဖူတွေဆောင်းနိုင်အောင်လဲကျမတတ်နိုင်တဲ့ဘက်က အားသွန်ခွန်စိုက် ဖြည့်စည်းပေးရမှာပါ။
တစ်ကယ်တမ်းကျတော့ အမေနဲ့သမီးဆိုတာ ညီအစ်မလိုလဲနေတတ်ရမယ် သူငယ်ချင်းတွေလိုလဲပွင့်လင်း စွာပေါင်းတတ်ရမယ် အမေနဲ့သမီးလိုလဲနွေးထွေးစွာေ နတတ်ကြရမှာပါ အဲဒီလိုနွေးထွေးရင်းနှီးမှုရှိနေမှလဲ သူဘာတွေဖြစ်နေတယ် သူမ ဘာအခက်အခဲနဲ့ကြုံနေတယ် ဆိုတာတွေကို အမေဖြစ်တဲ့ကျမကို ရဲရဲတင်းတင်း နဲ့ပွင့်ပွင့်လင်းလင်း သူမပြောပြနိုင်မှာပါ ဒါမှလဲသူမ ရင်ဆိုင်နေရတဲ့အခက်အခဲကို အမေဖြစ်သူကျမကအနီး ကပ်ဆုံးဖြေရှင်းပေးနိုင်မှာပါ။
သူမကိုကျမ ဘာလို့ပန်းပွင့်လေးလို့ တင်စားရသလဲဆိုရင် ပန်းဆိုတာလှတယ်လေ ပွင့်ဖတ်လေးတွေကနူး ညံ့တယ်သိမ်မွေ့တယ် ဒါကြောင့်မို့ ပန်းကလေးလှသလို သူမရဲ့ဘဝလေးကိုလဲလှစေချင်လို့ပါ ပန်းဆိုတာမျိုးက ကြမ်းတမ်းခက်ရော်မှုမရှိဘူးလေ ဒါကြောင့် မို့သူမရဲ့ဘဝလေးကိုလဲ အမြဲတမ်းချောမွေ့နေ စေချင်ခဲ့တာပါ ပန်းဆိုတာက အမြဲတမ်းနူးညံ့သိမ်မွေ့နေတတ်တယ်လေ ဒါကြောင့်မို့သူမကိုလဲနူးညံ့ သိမ့်မွေ့တဲ့မိန်းခလေးဖြစ် စေချင်လို့ပါ ပန်းဆိုတာက များသောအားဖြင့်မွှေးပျံ့ထုံသင်းနေတတ်ကြပါတယ် ဒါကြောင့်မို့ သူမရဲ့ကောင်းသ တင်းတွေကိုလဲ မွှေးပျံ့ထုံသင်းနေတဲ့ သတင်းတွေဘဲကြားချင်နေခဲ့ပါတယ် ပန်းပွင့်လေးရဲ့ကောင်းခြင်း သတင်းတွေကိုဘဲ သူမအတွက်ဖြစ်စေချင်ခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ဆန္ဒဟာလောဘမကြီးဘူးလို့ ထင်ခဲ့မိပါတယ်။
သူမဟာ ကျမတို့မိသားစုရဲ့ အိမ်ဆွဲလဲလေးဆိုရင်လဲမမှားပါဘူး ကျမဘဝထဲကိုေ ရာက်လာကတည်းက ကျမတို့မိသားစုရဲ့ မီးအိမ်ရှင်လေးဖြစ်ခဲ့တာလဲအမှန်ပါ သူမကြောင့် အလင်းရောင်တွေရခဲ့သလို သူမကြောင့် အိမ်မှာပျော်ရွှင်မှုတွေလဲ ပြည့်နှက်ခဲ့ရတယ်လို့ ကျမထင်ခဲ့မိပါတယ် ။
သူမဟာ ကျမဘဝရဲ့ မီးအိမ်ရှင်လေးမို့ ကျမသူ့ကိုအရမ်းချစ်ခဲ့ပါတယ် ကျမကသူမချစ်သလို သူကလဲကျမကိုပြန် ချစ်လိမ့်မယ်ထင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူမဟာကျမရဲ့တိုင်ပင်ဖော်တိုင်ပင်ဘက်ဖြစ်ခဲ့သလို ကျမအပေါ်နားလည်ပေးတတ်တဲ့ ကလေးဖြစ်နေလို့ပါဘဲ။
သူမဟာကျမရဲ့သမီးလေးဖြစ်ပေမဲ့ ကျမလိုအပ်ရင် တိုင်ပင်ဖေါ် ညီအစ်မတစ်ယောက်လို ရှိနေပေးတတ် ပါတယ် အကြံဥာဏ်တွေလဲပေးတတ်သူဖြစ်ပါတယ် တခါတရံကြပြန်ရင်လဲ ကျမရဲ့အတွင်းရေးတွေကို တိုင်ပင်လို့ရတဲ့ တိုးတိုးဖော်သူငယ်ချင်းမလေး တစ်ယောက်ကသူမဘဲပေါ့။
သူမက အမြဲတမ်းအမေအပေါ်ကို နားလည်ပေးတတ်သူမို့ တစ်ခါတရံမှာ အမေခံစားနေရတဲ့ အပျော်တွေကို သူမက ယူတတ်သလို အမေစိတ်ညစ်နေတဲ့အခါဆိုရင်လဲ အမေနဲ့အတူမျှဝေခံစားပြီး ပြေရာပြေကြောင်းတွေ ပြောပြီး ဖြေသိမ့်မှုတွေပေးတတ်သူလေးပါ။
မနက်တိုင်း အိပ်ယာကနိုးတာနဲ့အမေ့ရဲ့ကျန်းမာရေးကို ဂရုတစ်စိုက်ရှိတဲ့သူမ အိပ်ယာကနိုးတာနဲ့မေမေရေ နေကောင်းလား နေရတာပေါ့ပေါ့ပါးပါးရှိရဲ့လား ဆိုတာသူမရဲ့ အိပ်ယာထနူတ်ဆက်စကားလေးပါ အမေ အပေါ် ဂရုတစ်စိုက်ရှိတဲ့ကလေးလို့ဆိုရမှာပါ ကျောင်းသွားခါနီးရင်လဲ အိမ်မှာတစ်ယောက်ထဲဖြစ်ရဲ့လား ဖုန်းကိုအနားမှာယူထားနော် အရေးကြီးရင် ဖုန်းခေါ်လိုက်နော်ဆိုတဲ့ မှာတမ်းတွေချွေပြီးမှကျောင်းကို သွားလေ့ရှိပါတယ်။
ကျမ ချက်တဲ့ထမင်းဟင်းကသူမ ကြိုက်တဲ့အစားအစာဆိုရင်လဲ မျက်စောင်းလေးထိုးပြီး အဲဒါတွေမကြည့်ချင်ဘူး အဲဒါတွေကို မကြိုက်တာပေါ့ ဒို့မေကြီးကခက်ပါတယ် တစ်ကယ်ဘဲတစ်ကယ်ဘဲဆြိုပီး ချစ်စဖွယ်စကားလေးတွေ
ဆိုတတ်ပါတယ် စားသောက်ပြီးရင်လဲ နေ့စဉ်ချက်တတ်တဲ့ဟင်းအပေါ်မူတည်ပြီး သူကြိုက်တာတွေကို နံပါတ်စဉ် တစ် နှစ် သုံး ဆိုပြီးတတ်ပေးလေ့ရှိပြီး သူမအကြိုက်တွေ့တဲ့နေ့ဆိုရင် လက်မလေးထောင်ကာ အမေကိုအားပေးလေ့ရှိပြီး အဲဒါလေးတွေက သူ့ရဲ့ချစ်စဖွယ်အမူအကျင့်လေးတစ်ခုပါ။
သူမကိုယ်တိုင်က မုန့်လုပ် ဟင်းချက်ရတာတွေ ဝါသနာပါတဲ့အတွက်သူမ ကျောင်းပိတ်ရက်တွေမှာ ကျမအနားရပါတယ် မီးဖိုဆောင်ထဲမှာ အမေပြန်ပြီးမကြည့်ရအောင် ချက်တတ်ပြုပ်တတ်တာမို့ သူမကကျမရဲ့အားအကိုးရဆုံး လက်ရုံးတစ်ယောက်ဆိုလဲ မမှားဘူးပေါ့နော်
သူမမှာ ကောင်းတဲ့ဓလေ့လေးတွေရှိတာ အရမ်းသဘောကြဖို့ကောင်းပါတယ် သူမစာကြည့်ခန်းဝင်ကာနီးရင် မေမေလိုတာရှိရင်ခေါ်လိုက်နော် ဘာလုပ်စရာရှိသေးလဲ မေမေပျင်းရင်ခေါ်လိုက်နော်ဆိုပြီးပြောပြီးမှ ၀င်လေ့ရှိပါတယ် အိပ်ယာဝင်ရင်လဲ အိမ်မှာသမျှလူအားလုံးကိုနူတ်ဆက်ပြီးမှဝင်လေ့ရှိသလို ကျောင်းသွား တော့မယ်ဆိုရင်လဲ အားလုံးကိုနူတ်ဆက်ပြီးမှသွားတတ်ပါတယ်။
အဲဒီလို မိသားစုအပေါ်နားလည်တတ်တဲ့ ကလေးတစ်ယောက်ရဲ့ဘ၀ကို အမြဲတမ်းသာယာဖြောင့်ဖြူးနေ စေချင်ပါတယ် ခလုတ်ကန်သင်းတွေ မတိုက်မိစေချင်ပါဘူး ပျော်ရွှင်နေတဲ့ဘဝလေးတွေဘဲ ရစေချင်ပါတယ်
ကံတရားရဲ့အလှည့်အပြောင်းတွေကို မခံစားစေချင်ပါဘူး ပန်းခင်းတဲ့လမ်းမှာဘဲေ လျှာက်စေချင်သလို
သူမဘ၀လေးကို ပန်းလေးတစ်ပွင့်လို ထာဝရလှပနေပါစေလို့အမေဖြစ်တဲ့ကျမက အမြဲတမ်း ဆုမွန်ကောင်း တွေတောင်းပေးနေမိတာအမှန်ပါ။
ဘယ်အချိန်ဘယ်အခါမဆို သူမဟာကျမအတွက်တော့ ကံကောင်းခြင်းတွေပေးနေမဲ့ ပန်းလေးတစ်ပွင့် ဖြစ်နေမယ်ဆိုတာကို ကျမအမြဲတမ်းယုံကြည်နေမိခဲ့ပါတယ် သူမရဲ့ဘဝလေးကိုထာဝရ ထွန်းလင်းတောက် ပနေစေဖို့ကိုလဲ သူမအတွက်ကျမအမြဲတမ်း ဆုမွန်တွေချွေနေမယ်ဆိုတာ သူမသိရင်ဘဲကျေနပ်နေမိမှာပါ။
အမြဲတမ်း ပြုံးရွှင်ရယ်မောနိုင်ပါစေ ပန်းပွင့်လေးရေ။
9/8/2011
ကျောင်းသွားနေတဲ့သမီးအတွက် အမှတ်တရရေးထားခြင်းပါ။

No comments:
Post a Comment