Thursday, June 27, 2013

အသက်မဲ့တဲ့ ခန္ဓာ

အသက်
တစ်ရက်ပြီး တစ်ရက်ကြီးလာခဲ့ပြီ

ကျန်းမာရေးက
မနေ့ကထက်ဒီနေ့ ပိုပြီးမကောင်းတော့ဘူး

မတည်ငြိမ်နိူင်တဲ့ ဝေဒနာက
တစ်နာရီပြီးတစ်နာရီ မတူတော့ဘူး

ရလာတဲ့ခန္ဓာက
နာသထက်နာကာ ပျက်သထက်ပျက်ပျက်လာခဲ့ပြီ

ပျက်နေတာကိုမပြင်တော့ဘူးလား
ပြင်တော့ပြင်တယ် မရတော့ဘူး

ခန္ဓာတွင်းက ဝေဒနာက
ကြီးနေတဲ့ရောဂါနောက် ဆေးက သိပ်မလိုက်နိုင်တော့ဘူး

နှစ်ဆယ့်လေးနာရီပါတ်လုံး
မနက်တစ်မျိုး နေ့လည်တစ်ဖုံ ညတစ်စုံနဲ့

ကိုယ်ခန္ဓာ တစ်ခုအတွက်
သောက်လိုက်ရတဲ့ဆေး ဆေးပြီးရင်းဆေးနဲ့

ငါများသေရင်
ငါခန္ဓာကိုယ် ကျိုလို့ရရင် ကျိုကြည့်ကြစမ်းပါ

ဆေးမျိုးစုံများ
ထွက်လာမလားလို့ပေါ့

မနှစ်သက်ဘဲ
မြိုမြိုချရတဲ့ဆေး ခါးခါးနံနံ နှာဝအတင်းပိတ်

ကိုက်ခဲ မူးဝေနာနေတာတွေ အကုန်ပျောက်အောင်
အသက်အောင့်အောင့်ပြီး မြိုမနေချင်တော့ဘူး

ညင်သာတိုးတိတ်
စိုးထိတ် ကင်းကွာစွာနဲ့ ထွက်ခွာသွားချင်လှပါပြီ။

Mar mar lwin
2:23PM
10/03/2013


အသက္က
တစ္ရက္ျပီး တစ္ရက္ၾကီးလာခဲ႔ျပီ

က်န္းမာေရးက
မေန႔ကထက္ဒီေန႔ ပိုျပီးမေကာင္းေတာ႔ဘူး

မတည္ျငိမ္ႏိူင္တဲ႔ ေဝဒနာက
တစ္နာရီျပီးတစ္နာရီ မတူေတာ႔ဘူး

ရလာတဲ႔ခႏၶာက
နာသထက္နာကာ ပ်က္သထက္ပ်က္ပ်က္လာခဲ႔ျပီ

ပ်က္ေနတာကိုမျပင္ေတာ႔ဘူးလား
ျပင္ေတာ႔ျပင္တယ္ မရေတာ႔ဘူး

ခႏၶာတြင္းက ေဝဒနာက
ၾကီးေနတဲ႔ေရာဂါေနာက္ ေဆးက သိပ္မလိုက္ႏိုင္ေတာ႔ဘူး

ႏွစ္ဆယ္႔ေလးနာရီပါတ္လံုး
မနက္တစ္မ်ဳိး ေန႔လည္တစ္ဖံု ညတစ္စံုနဲ႔

ကိုယ္ခႏၶာ တစ္ခုအတြက္
ေသာက္လိုက္ရတဲ႔ေဆး ေဆးျပီးရင္းေဆးနဲ႔

ငါမ်ားေသရင္
ငါခႏၶာကိုယ္ က်ဳိလို႔ရရင္ က်ဳိၾကည္႔ၾကစမ္းပါ

ေဆးမ်ဳိးစံုမ်ား
ထြက္လာမလားလို႔ေပါ႔

မႏွစ္သက္ဘဲ
ျမိဳျမိဳခ်ရတဲ႔ေဆး ခါးခါးနံနံ ႏွာဝအတင္းပိတ္

ကိုက္ခဲ မူးေဝနာေနတာေတြ အကုန္ေပ်ာက္ေအာင္
အသက္ေအာင္႔ေအာင္႔ျပီး ျမိဳမေနခ်င္ေတာ႔ဘူး

ညင္သာတိုးတိတ္
စိုးထိတ္ ကင္းကြာစြာနဲ႔ ထြက္ခြာသြားခ်င္လွပါျပီ။

Mar mar lwin
2:23PM
10/03/2013

1 comment:

  1. ကြ်န္မလဲ ခုထိေတာ့ ေကာင္းေနေသးတယ္ အစ္မေရ..
    ဘယ္အခ်ိန္မွာ နာေဘး ဒုကၡ ေတြ႔ရမယ္ မသိဘူး ..
    ေတြးလုိက္ရင္ ဘဝႀကီးဟာ ဘာမွကို အဓိပၸါယ္ မရွိပါဘူး .. :( :(

    ReplyDelete