Monday, June 3, 2019

မိသားစု စကားဝိုင်းလေး

အပါတ်စဉ် စနေနေ့ဆို သားအမိတတွေ စကားပြောဖြစ်ကြပါတယ် မနေ့က စနေနေ့မှာလဲ သမီးငယ်ရယ် သားကြီးနဲ့ကိုယ်တွေရယ် ဖုန်းပြောဖြစ်ကြပါတယ်။
မေမေရေ နေကောင်းလား ဘာတွေလုပ်နေလဲဆိုပြီး သူတို့က မေးလာခဲ့တယ်
မေမေတေို့ နကောင်းပါတယ် ဖေဖေက အလုပ်သွားတယ် မေမေက အိမ်အလုပ်ပြီးလို့ခနထိုင်နေတယ်လို့ပြောပြီး ဟိုရောက်ဒီရောက်စကားနဲ့ ဆက်ပြောဖြစ်တယ်။
ဖေဖေ အခုန သားသားဆီကို ဖုန်းဆက်တယ် ဘာတွေလိုသေးလဲ လိုတာရှိရင် ဖေဖေ့ကိုပြောလို့ သားသားကိုပြောတယ်တဲ့ ကျမကပြန်မေးလိုက်မိတယ် သားလိုတာရှိရင် ပြောလိုက်လေလို့ ကျမကပြောတော့ အားလုံးအိုကေတယ် မလိုပါဘူးတဲ့။
တကဲ့ကိုဘဲ ချစ်စရာကောင်းပြီး လိမ္မာတဲ့ သားနဲ့သမီးကို ကျမတို့ ရယူပိုင်ဆိုင်ထားတာပါ ၁၇နှစ်အရွယ်ထဲက မိဘရင်ခွင်နဲ့ဝေးခဲ့ရတဲ့ ကလေးတစ်ယောက်က အဝေးကနေဘဲ မိဘနှစ်ပါးဆီက စိတ်ဓါတ်ခွန်အားတွေယူပြီး သူ့ဘဝလေးကို ချိုမိန်အောင် ပြုပြင်ပြီး နေတတ်ခဲ့သူလေးပါ။
ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကာ အဖေ အမေနဲ့ညီမတို့အတွက် သူပေးချင်တာလေးတွေကို မပြတ်ပို့ပေးခဲ့ပြီး မိဘအပေါ်သိတတ်သူလေးမို့ သူ့ဘဝလေးက အမြဲတမ်းလိုလို အဆင်ပြေနေတတ်ခဲ့ပါတယ်။
နောက်တခုက သူတို့မောင်နှစ်မမှာ လိမ်ညာတတ်တဲ့စိတ် သူတပါးအပေါ် နိုင့်ထက်စီးနင်း ပြောတတ်တဲ့စိတ် ဘေးလူကို အပြစ်မမြင်တတ်တဲ့ စိတ်လေးတွေ ရှိနေတာက ကျမတို့တွေကို စိတ်ချမ်းသာမှုတွေ ရစေပါတယ်။
တပါတ်စာအတွက် စနေ ဒါမှမဟုတ် တနင်္ဂနွေလို နေ့တွေမှာ သားအမိတွေ စကားကို အလုအယက်ပြောကြရင်း စာနဲ့ပါတ်သက်ရင် လောဘကြီးတတ်တဲ့ သမီးသေးလေးကို စကြနောက်ကြရင်း ဟိုရောက်ဒီရောက် ကျမတို့စကားဝိုင်းလေး အပြီးမှာတော့ ကျမဆီမှာ ကျန်ခဲ့တာ ပီတိတွေပါဘဲ။
အော် ပြောဖို့တစ်ခု ကျန်သွားပါသေးတယ် ညီမလုပ်သူက အကိုဖြစ်သူကိုမေးတယ် သြကြီးရေ နင်အရက်သောက်ဖူးလားတဲ့ အစ်ကိုလုပ်သူက ပြန်ပြောတယ် သောက်ဖူးတယ် ဧည့်ခံပွဲတွေမှာ အနည်းငယ် သောက်တယ်လို့ပြန်ဖြေတယ် သူ့ညီမက အစ်ကိုကိုယ် ပြန်ပြောတယ် ဖေဖေသိလားတဲ့ အစ်ကိုကပြန်ပြောတယ် ဖေဖေ့ဆီက ခွင့်တောင်းပြီးမှ သောက်တာပါတဲ့။
အဲဒီလိုလေး သူ့ဖက်က ရှောင်လွှဲလို့မရတဲ့အချိန်တွေမှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ကျမအမျိုးသားဘက်က ကလေးတွေရဲ့ ဘကြီးတွေက သူအသက် ၂၀ပြည့်ပြီးတဲ့ အချိန်မှာ ခွင့်ပြုထားတာလေးတွေကို သူကလည်း နားလည်သိတတ်စွာနဲ့ အသုံးချတတ်ပုံ ရပါတယ်။
ကျမက အိမ်မှာထမင်းဟင်း ချက်တာကလွဲပြီး လုပ်ငန်းသဘောတွေ သိပ်မသိလို့ အဲဒီလိုကိစ္စလေးကို သိပ်သဘောမကျပေမဲ့ ရီကျဲကျဲလေးနဲ့ဘဲ နားလည်ပေးရပြန်တာ ပေါ့နော်။
အမေလေ အမေဆိုတော့လဲ သိတဲ့အတိုင်းဘဲပေါ့ စိုးရိမ်စိတ် စိတ်ပူစိတ်တွေက အမြဲတမ်း လွှမ်းမိုးထားတတ်တော့ မနှစ်သက်မိတာ အမှန်ပါဘဲ။
အဖေလုပ်သူကတော့ သူကိုယ်တိုင် အရက်ဆေးလိပ် အားလုံးဘာမှ မလုပ်ပေမဲ့ သားလုပ်သူကိုတော့ လိမ္မာပါးနပ်စွာ အသုံးချတတ်ဖို့ ခွင့်ပြုထားပုံရပါတယ်။
ဒါပေမဲ့ တစ်ပါတ်စာ စကားဝိုင်းလေး အပြီးမှာတော့ ကျမသိလိုက်တာက ငါ့သားက ကလေးလေး မဟုတ်တော့ဘူး လူကြီးလေးဖြစ်သွားပြီ ဆိုတာရယ် မိဘနဲ့ဝေးနေပေမဲ့ ဘာဘဲလုပ်လုပ် မိဘဆီက ခွင့်ပြုချက်ယူပြီးမှ လုပ်တတ်တာလေးတွေ မလိမ်တတ် မညာတတ်တာလေးတွေကိုတော့ သူတို့လေးတွေဖြစ်တဲ့ ကျမရဲ့ကလေးတွေကို ကျမအရမ်းဘဲ သဘောတွေကျကာ ကျနေပ်နေခဲ့မိပါတော့တယ်ရှင်။
ဒီလိုနဲ့ဘဲ ကျမတို့ မိသားစု စကားဝိုင်းလေးက အမြဲတမ်း စနေ တနင်္ဂနွေ အပါတ်တိုင်းမှာ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံခဲ့ရပါတော့တယ်။

No comments:

Post a Comment