Monday, July 1, 2013

လမ်းလျှောက်ခြင်းရဲ့ ရလာဘ်ကောင်းလေးများ


ဒီနေ့သမီးလေးကို ကျောင်းပို့ပြီး ပြန်အလာ ကျမတစ်ယောက်ထဲ လမ်းလေျာက် ထွက်ဖြစ်ပါတယ် တိုက်နေတဲ့ လေက်နေတဲ့လေနုအေးအေးလေးကို ရှုရှိုက်ရင်း စိတ်လက်တော်တော်လေးပေါ့ပါးခဲ့ပါတယ် စိမ်းလန်းစိုပြေနေတဲ့သစ်ပင်ပန်းမန် ကျေးဌက်သာရကာတို့ကြောင့် အရာရာဟာတက်ကြွလန်းဆန်းဖွယ် ရာတွေဖြစ်ခဲ့ရပါတယ်။

အိမ်ထဲမှာခြည်းဘဲအချိန်တွေကုန်နေခဲ့တဲ့ကျမအတွက် ကျန်းမာရေးရောစိတ်ဓါတ်ရေးရာတွေပါ အားပြန်ဖြည့်ဖို့လိုအပ်နေခဲ့တာကိုယ့်ကိုကိုယ်သိနေပေမဲ့ ဘယ်ကိုမှမသွားဘဲအိမ်ထဲမှာဘဲအချိန်တွေဖြုံး ခဲ့မိတာအမှန်ပါ ဒါကြောင့်မို့ဒီနေ့တော့ကျမလမ်းလျှောက်လိုက်မိတယ်။

အိမ်ကနေဆယ်မိနစ်လောက်လျှောက်ရင်ရောက်နိူင်တဲ့တက္ကသိုလ်ကျောင်းဝင်းထဲကို ဘေးအန္တရာယ်ကင်း စွာနဲ့လမ်းလျှောက်ဖို့ဆုံးဖြတ်ပြီးထဲက ကျမခြေလှမ်းတွေအရင်ကထက်ပိုပြီးပေါ့ပါးသွားခဲ့လို့ထင်ခဲ့မိပါတယ် လမ်းတစ်လျှောက်မှာလတ်ဆတ်နေတဲ့လေတွေကိုဝအောင်ရှုရင်းစိတ်တွေကိုပေါ့အောင်နေလိုက်မိပါတယ်။

လေးဆယ်ကျော်ငါးဆယ်ဆိုတဲ့အသက်အပိုင်းအခြားအတွင်းမှာ အသက်အရွယ်ကြောင့်ခန္ဓာကိုယ်မှာလို အပ်လာတဲ့စိတ်ဓါတ်ရေးရာနဲ့ကျန်းမာရေးအတွက်လိုနေတာတွေကိုပြန်ဖြည့်ကြရမှာပါ သွေးလည်ပါတ် မှုကောင်းအောင် ထုံထိုင်းနေတဲ့အာရုံနဲ့အကြောတွေအတွက်သန်မာလာအောင်လမ်းလျှောက်ခြင်းကိုနေ့ စဉ်ပုံမှန်လုပ်ပေးသင့်ပါတယ်။

ကားလမ်းကူးပြီးကျောင်းဝင်းထဲရောက်တယ်ဆိုရင်ဘဲ သစ်ပင်ပန်းပင်ကြီးငယ်တို့ကြောင့် ပါတ်ဝန်းကျင် မှာရှိနေတဲ့လေထုကပိုပြီးလတ်ဆတ်လို့နေပါတယ် တတ္ကသိုလ်ကျောင်းဝင်းလို့ဆိုပေမဲ့လဲ ကျောင်းရဲ့ ပါတ်ဝန်းကျင်မှာသားပိုက်ကောင်အနည်းငယ်ရယ်ကျေးဌက်သာရကာတွေရယ်ဘဲတွေ့ရပြီး ကျောင်းသားအားလုံးဟာသူ့အဆောင်နဲ့သူအခန်းအပြင်မထွက်ကြဘဲစည်းကမ်းတစ်ကျစာသင်နေကြတဲ့အတွက်ကျောင်းသားတစ်ယောက်တစ်လေတောင်မှအပြင်မှာမတွေ့ကြရဘဲ တိတ်ဆိတ်လို့နေပါတယ်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ပါတ်ဝန်းကျင်မှာအရင်ဦးဆုံး ကျမရဲ့စိတ်ကိုပေါ့သွားအောင်ရှော့လိုက်မိပါတယ်
ပြီးတော့မှတစ်ဖြူးဖြူးညင်သာစွာတိုက်ခတ်နေတဲ့လေနုအေးလေးကိုကျမရဲ့အဆုတ်တွင်းကို အားရပါးရ ရှုရှိုက်လိုက်မိပါတော့တယ် အဆုတ်ထဲမှာလိုအပ်တဲ့လေဝလောက်ပြီဆိုတော့မှကျမလမ်းလျှောက်ခြင်းအမှု ကိုစတင်ပါတော့တယ်။

လမ်းလျှောက်နေတဲ့ကျမရဲ့ပါတ်ဝန်းကျင်မှာတော့ သန့်ရှင်းလတ်ဆတ်နေတဲ့လေနုအေးလေးတွေရှိပြီး မွှေးပျံ့တဲ့ပန်းတွေလဲရှိနေခဲ့တယ် လှပတဲ့ကျေးဌက်သာရကာလေးတွေလဲရှိနေတယ် လူယဉ်နေတဲ့ သားပိုက်ကောင်လေးတွေရှိနေခဲ့တယ် ပန်းဝတ်ရည်ချိုချိုလေးတွေကိုစားသုံးနေကြတဲ့ ပျား ပိတုံး လိပ်ပြာလေးတွေရှိနေခဲ့ပါတယ် ကြည်နူးဖွယ်ရာရှုခင်းလေးတွေပါ။



တစ်နာရီလောက်လျှောက်ပြီးပန်းပေါင်းစုံရနံ့ထုံတဲ့နေရာကိုရောက်တဲ့အခါမှာ ဟိုကြည့်ဒီကြည့်ကြည့်ရင်းက ပန်းမျိုးစုံအကြားမှာဌက် ပျား ပိတုံး လိပ်ပြာလေးတွေကိုကိုကြည့်ရင်းစိတ်ထဲမှာပျော်လာခဲ့မိတယ် ဝတ်ရည်ချိုချို ကိုသူတို့စားသုံးရင်းသူတို့တွေလေထဲမှာပျော်နေကြတယ် အတောင်တစ်ဖြတ်ဖြတ်ခတ်ရင်း လေဟုန်စီးလိုက် ဝတ်ရည်စုတ်လိုက်နဲ့သူတို့တွေပီတိသောမနသဖြစ်နေကြတာတွေ့ရတယ် အဲဒါတွေကို တွေ့ရတဲ့ကျမ သူတို့ရဲ့အပျော်ကကျမဆီကူးစက်လာပြီးကျမလဲပျော်ခဲ့ရတယ်။

နုဖတ်လှပနေတဲ့ပန်းလေးတွေကြောင့် ကျမရဲ့နွမ်းဖတ်ဖတ်စိတ်တွေပြန်လည်လန်းဆန်းခဲ့ရတယ် ရဲရဲနီစွေးပန်းတွေတွေ့ပြန်တော့ကျမရဲ့စိတ်တွေ တက်ကြွရွှင်လန်းခဲ့ရသလို ပန်းသွေးရောင်ခြယ်ပန်း လေးတွေတွေ့ပြန်တော့ နုပျိုခြင်းစိတ်တွေရလာခဲ့ပါတယ် ဖြူဖြူဖွေးဖွေးပန်းတွေတွေ့ပြန်တော့ညစ်ထေးနေတဲ့စိတ်တွေကိုချန်ထားခဲ့ပြီးဖြူစင်ခြင်းတွေဘဲရလာခဲ့ရပြန်ပါတယ် ဒီနေ့အဖို့ကျမပန်းတွေကြားမှာတော်     တော်လေးပျော်ခဲ့ရပါတယ်။

မြက်ခင်းစိမ်းစိမ်းထက်မှာမြက်နုချိုချိုတွေကိုစားရင်း ခုန်ပေါက်ပြေးလွှားနေတဲ့သားပိုက်ကောင်တစ်အုပ်က
ကျမရဲ့စိတ်ကိုဖြတ်လတ်တက်ကြွလာစေဖို့နုပျိုခွင့်ကိုလဲပေးခဲ့ပါသေးတယ် သူတို့တွေဟာတက်ကြွဖြတ် လတ်နေပြီးသွားလိုရာခရီးမှာ ရင်သွေးငယ်ကိုဝမ်းဗိုက်ထဲထဲ့ပြီးသယ်ဆောင်သွားတတ်တဲ့သူတို့ရဲ့သဘာဝ တရားလေးကကျမရဲ့သားနဲ့ သမီးအပေါ်ကိုပေးဆပ်ပြီးချစ်ရတဲ့အချစ်တွေအတွက်အရင်ကထက်ပိုသွားခဲ့ ရပါတော့တယ်။



သာယာနာပျော်ဖွယ်ကောင်းတဲ့ကျေးဌက်သာရကာတို့ရဲ့ သီချင်းဆိုတဲ့အသံတွေကြားထဲမှာပါ့ပေါ့ပါးပါးလေး လမ်းရှောက်ပေးသင့်လို့ကျမထင်မိပါတယ် ဘာလို့လဲဆိုတော့ကာတေးသီဌက်တို့ရဲ့အသံဟာ သဘာဝက မွေးထုတ်ပေးထားတဲ့အသံလေးတွေမို့ နားဆင်ရတာပဓါသအလွန်ရှိလွန်းနေပြီး ဒီတေးသီသံတွေက စိတ်ဓါတ်ရေးရာအတွက်နေ့သစ်အတွက်အားပြည့်လွယ်မဲ့ခွန်အားတွေဖြစ်လာမယ်လို့ ကျမယုံကြည်မိလို့ပါ။


ဒီလိုလွတ်လပ်ပေါ့ပါးတဲ့စိတ်ထားလေးရဖို့လိုတယ်ဆိုတာကို ကျမအသိနောက်ကျသလိုဖြစ်ခဲ့ရပေမဲ့ အတွေးစိတ်အစဉ်မှာဒီနေ့လမ်းလျှောက်ထွက်ရတာဟာ ကျမအတွက်အရမ်းအဖိုးတန်တဲ့နေ့လေးလဲဖြစ် ခဲ့ရပါတယ် နောက်ထပ်ရလာဘ်တစ်ခုကတော့လမ်းလျှောက်လိုက်ရလို့ထင်ပါတယ် တုံ့ဆိုင်းနေတဲ့ကျမရဲ့ ခန္ဓာကိုယ်ကအကြောတွေဟာပြေရော့ပေါ့ပါးသွားပြီးနေလို့တော်တော်ကောင်းသွားခဲ့ပါတယ် ကိုယ်ခန္ဓမှာလို အပ်နေတဲ့သန့်ရှင်းတဲ့လေတွေကိုရလိုက်လို့လိုက်ရလို့လဲကျမစိတ်ထဲအတော်လေးလန်းဆန်းသွားခဲ့ရပါတယ်



စိမ်းလန်းစိုပြေနေတဲ့သစ်ပင်ပန်းမန် တို့ကြောင့်စိတ်ဓါတ်ရေးရာတွေလဲတက်ကြွရွှင်လန်းစရာတွေဖြစ်ခဲ့ရ သလိုသဘာဝရဲ့အလှတရားတွေကြောင့် တော်တော်လေးလဲစိတ်ထဲမှာပေါ့ပါးခဲ့ရပါတယ်။

ဒီနေ့အဖို့တော့ကျမရဲ့စိတ်ရောလူရောကျန်းမာရေးကရာနူံးပြည့်ကောင်းတယ်လို့ဆိုရမဲ့နေ့လေးပါ လမ်းလျှောက်ဖို့စိတ်ကူးရလိုက်တဲ့ကိုယ့်ရဲ့အတွေးကိုလဲကိုယ့်ဘာသာကိုကျေးဇူးတွေတင်နေမိပါတယ်
ခန္ဓာကိုယ်ရောစိတ်ပါလန်းဆန်းခဲ့ရတဲ့အတွက် ဒီနေ့အတွက်ကျမအတွက်ရလိုက်တဲ့ ရလာဘ်ကတော့ ကျမအတွက်အသက်တစ်ရက်ပိုပြီးရှည်သွားခဲ့လို့ ထင်မိလိုက်ခြင်းပါဘဲ။
9/6/2011

2 comments:

  1. အစ်မလိုဘဲ လမ်းလျှောက်ချင်လိုက်တာ အစ်မရေ .. ^_^

    ReplyDelete
    Replies
    1. လမ်းလျေှုာက်တဲ့ရလာဘ်က စိတ်ချမ်းသာတယ် ညီမရေ..

      Delete