.jpg)
သူမအတွက် လောကရဲ့နိယာမ
သူမဟာ ကျမဘဝထဲကို ရောက်လာခဲ့တာ
ဒီနေ့ဆို ဆယ်စုနှစ်နှစ်ခုထဲကို ရောက်လာခဲ့ပြန်ပါပြီ/
လူတွေရဲ့ ဓလေ့စရိုက် စုံတွေကြားထဲမှာ
သူမနေထိုင် ကျင်လည်ခဲ့ရတာတွေလဲ
ဆယ်စုနှစ် နှစ်ခုနီးနီးပါး ရှိသွားခဲ့ပြီပေါ့။
လူ့လောကရဲ့ ဆိုးမွေကောင်းမွေ
အချို အခါးတွေကိုလဲ
သူအများကြီး ရခဲ့ပြီးလောက်ရောပေါ့။
အရောင်စုံတဲ့ လူ့လောကကြီးက
သူ့ကို လောကဓါတ် ပညာတွေလဲ
တော်တော်လေး သင်ပေးပြီးလောက်ရောပေါ့။
ဒီလိုဘဲ သမီး
လောကဓံရဲ့ အရိုက်အပုတ်ကို
ခံရပါများလေ ဘဝရောစိတ်ပါ
ရင့်ကျက်လာလေလေပါဘဲ။
ကောင်းတာတွေ့ရင် စံကြရပြီး
မကောင်းတာတွေ့ရင် ခံကြရတာဘဲလေ
လာကရဲ့ နိယာမဘဲကိုး။
အချိုက မြိုချရ လွယ်သလောက်
အခါးက မြိုချရ ခက်ပါတယ်
ဒါပေမဲ့ အဲဒီအခါးရဲ့ အနောက်မှာ
ချိုမြမြလေး ကပ်ပါလာတတ်ပါတယ်။
ဒါကြောင့်မို့လို့ ချိုချိုခါးခါး
အကောင်းဘက်ကတွေးပြီး ကောင်းမွန်စွာနဲ့
မြိုချတတ်ပါစေ သမီးလေး။
Mar Mar Lwin
1/5/2013
No comments:
Post a Comment