ငါမွေးဖွားရာ ပြည်မြန်မာမှာ
ငါဧ။်အဖေ ငါဧ။်အမေ
ရှိနေသော်လည်း ငါသည် ခွဲခွာလာမိသည်။
ငါကြီးပျင်းရာ ငါ့ရဲ့မြေမှာ
ညီရင်းအစ်ကို မောင်ရင်းနှစ်မ
ရှိနေကြလည်း ငါသည် ချန်ရစ်ထားခဲ့မိသည်။
ငါနေခဲ့ရာ အမိရွာမှာလည်း
ဆွေမျိုးသားချင်း ညီနောင်ရင်းတို့
ကျန်ရစ်သော်လည်း ငါသည် နုတ်မဆက်ဘဲ ထွက်၍ခွာကာ လာခဲ့မိသည်။
အတိတ်ကံစေရာ
ထားရာမှာနေ စေရာကိုသွား
ကျရာမှာနေ။
ဒီဘဝဒီမျှ
ရှိသမျှ ဝဋ်ကြွေးကုန်ပါစေ
နာင်ဘဝဆိုတာ ရှိများရှိခဲ့ရင်
ငါ့တိုင်းငါ့ပြည် ငါ့အမိမြေမှာ အိုအောင်မင်းအောင် နေရပါစေ။
ငါသည် မြန်မာပီသစွာဖြင့်
ဆုမွန်ချွေသည် ငါတောင်းသည့်ဆု ပြည့်ဝပါစေ။
Mar Mar Lwin
2/&/2013

ခံစားချက်ခြင်း လုံးဝ တူတယ် အစ်မရေ ..
ReplyDeleteမမမှာအဖော်ရှိသွားပြီပေါ့နော်
ReplyDelete