Monday, July 1, 2013

အောင်မြင်မှု သရဖူ့ ချစ်သမီးလေး


အောင်မြင်မှု သရဖူနဲ့ ချစ်သမီး

သူမ
ဖြူစင်ဝင်းလက် တောက်ပနေတဲ့ သူ့မျက်နှာလေး
ကျမအတွက်  အရမ်းဘဲ သူလှနေခဲ့တယ်
ဒီနေ့မှာဘဲ သူ့ကိုကျမ မွေးဖွားသန့်စင်ခဲ့တာပေါ့။

ရှစ်ပေါင်ခွဲဆိုတဲ့ ခန္ဓာကိုယ်နဲ့
ပြည့်ဝလွန်းတဲ့ အားတွေကိုယူုပြီး
သူကျမဆီကို ရောက်လာခဲ့တာပေါ့။

ဒီသတ္တ ကမ္ဘာကြီးထဲမှာ
အဆိုးနဲ့အကောင်းကို ရဲရဲဝံ့ဝံ့နဲ့
ဖြေရှင်း ရင်ဆိုင်နိုင်ရမယ်ဆိုတဲ့
စိတ်ဓါတ် ခွန်အားတွေယူပြီး
ကမ္ဘာမြေကြီးပေါ်ကို ခြေချလာတဲ့နေ့လေးပေါ့။

ရင်ဆိုင်လိုက်ပါ ချစ်သမီး
ဖြေရှင်းလိုက်ပါ ချစ်သမီး
ဒါမှ အရာရာဟာ သမီးအတွက်
အောင်မြင်မှု သရဖူဆိုတာ ဆောင်းလို့ရမှာပါ ချစ်သမီး။

Mar Mar Lwin
2/5/2013

No comments:

Post a Comment