Monday, July 1, 2013

ပျော်ရွှင်ဖွယ်ရာ မွေးနေ့


မွေးနေ့

ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့
ချစ်သမီးရဲ့ 
မွေးနေ့နော်။

ယနေ့ယခု 
မွေးနေ့ချိန်ခါမှစလို့
စိတ်ချမ်းသာပြီး 
ကိုယ်ကျန်းမာပါစေ။

ယခုမှစလို့
လိုအင်ဆန္ဒ 
တစ်လုံးတစ်ဝ 
ပြည့်ပါစေ။

ဒီအချိန်ကစပြီး
ဘာသာသာသနာအကျိုး 
ထမ်းပိုးဆောင်ရွက်နိုင်ပါစေ။

ရက်မြတ်ချိန်ခါမှစလို့
ထက်မြက်ထူးချွန်တဲ့ 
သမီးလေးဖြစ်ပါစေ။

မွေးနေ့အစပြုလို့
ဘုရားတရားသံယာ ဆရာသမား 
မိဘဘိုးဖွားအပေါ် 
သိတတ်နားလည်တဲ့ 
သမီလေး ဖြစ်ပါစေ..။


Mar Mar Lwin
2/5/2013

2 comments:

  1. အစ်မက စာရေးတာ ကဗျာရေးတာ အရမ်းတော်တယ်နော်..
    အစ်မ သမီးလေး အတွက် ပျော်ရွင်ဖွယ်ရာမွေးနေ့ မှာ
    ထူးချွန် ထက်မြက် လိမ္မာတဲ့ သမီးလေး ဖြစ်ပါစေလို့  ဆုတောင်းပေးလိုက် ပါတယ်.. ^_^

    ReplyDelete
  2. ကျေးဇူးပါညီမရေ
    ရင်တွင်းကလာတဲ့ခံစားချက်လေးတွေမို့ပါ။

    ReplyDelete