Monday, July 1, 2013

ချစ်သမီးသို့

                               

ချစ်သမီးသို့

ကိုးလလွယ်ကာ ဆယ်လမှာ ဖွားခဲ့ရတဲ့သမီး
ဒီနေ့ဟာ သမီးရဲ့ မွေးနေ့
လူ့လောကကြီးထဲကို စတင်ဝင်ရောက်လာတဲ့နေ့ပေါ့။

မျက်စေ့စုံမှိတ်ပြီး အကောင်းအဆိုးတွေကို
ရင်ဆိုင်မယ်ဆိုပြီး ကမ္ဘာမြေ လောကကြီးထဲကို
ကျန်းမာခြင်းသုခ ပြည့်စုံစွာနဲ့ ရောက်လာတဲ့နေ့ပေါ့။

အမေကတော့ သိပ်ပျော်ခဲ့တယ်သမီး
သမီးက အမေ့ရဲ့အား
သမီးက အမေ့ရဲ့အဖော်
သမီးက အမေ့ရဲ့ တိုးတိုးဖော်လေးပေါ့။

ငယ်ငယ်လေးထဲက ထက်မြက်တဲ့သမီး
အခုထိလဲ ထက်မြက်နေဆဲ
နောင်မှာလဲ ထူးချွန်ထက်မြက်ပါစေလို့
အမေကတော့ နေ့စဉ်နေ့တိုင်း ဆုမွန်ချွေလျှက်ပေါ့။

မွေးနေ့မှာ စိတ်နဲ့ဆန္ဒ
တစ်ထပ်ထဲ ကျရောက်ပါစေ
မွးနေ့မှသည် နှစ်ပေါင်းများစွာ
ပျော်ရွှင်နိုင်ပါစေ။

ရှေ့ရှောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
သမီးဘဝလေး ညိမ်းအေးစွာ
နေထိုင်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်
သမီးရဲ့အမေ

Mar Mar Lwin
1/5/2013

No comments:

Post a Comment