နေကာမျက်မှန်လို့ ဆိုလိုက်ရင် ကျမဘဝမှာ ရီစရာလေးတွေနဲ့ ကြုံရတာ များပါတယ် ကျန်ခဲ့တဲ့ တနင်္ဂနွေနေ့က မိသားစု ဈေး၀ယ်ထွက်ကြတယ်။
မိသားစု ဈေး၀ယ်ထွက်မယ်လို့ ပြောလိုက်တာနဲ့ ဘယ်ရမလဲ ဒီက မလှချင်ကလဲ အလှတွေ ပြင်တာပေါ့လေ အလှတွေပြင်ပြီး အိမ်ကထွက်ကာနီးမှာ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ နေကာမျက်မှန်ကို ခပ်တည်တည်နဲ့ အသာလေး ကောက်တတ်လိုက်တယ်။
သားအဖ၂ယောက်လုံး ဘာမှမပြောဘဲ ပြုံးစိစိလုပ်နေတာတော့ တွေ့မိတော့
အောင်မယ် ငါ တော်တော်လေးလှလို့ ဖြစ်မယ်ဆိုပြီး ဘ၀င်လေးတောင် မြင့်ချင်သွားပြီး
လျှောလျှောကျလာတဲ့ နှာခေါင်းပေါ်က မျက်မှန်ကို လက်ညှိုးလေးနဲ့ အသာလေး တွန်းတွန်းပြီး တင်ရတာလဲ အမောပေါ့
သူတို့မသိအောင် ကားနောက်ကြည့်မှန်ကိုလဲ ခိုးခိုးကြည့်ရတာ အကြိမ်ကြိမ်လေ
အဲဒီလိုနဲ့ ဈေး၀ယ်ထွက်တဲ့ နေရာကို ရောက်လာပါလေရော ရှိူးနဲ့စမိုးနဲ့ စက်လှေခါးကို စီးပြီး တက်သွားတဲ့ထိ ကိုယ့်ဘာသာကိုယ် အိုကေနေတုန်းဘဲ
သူတို့သားအဖက ကိုယ့်ကိုထားခဲ့ပြီး အရှေ့ကနေ ခပ်သုတ်သုတ် တက်သွားလဲ ကိုယ်ကတော့ ပြားနေတဲ့ နှာခေါင်းပေါ် ကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့် ကျကျလာတဲ့ နေကာမျက်မှန်ကို တွန်းတင်ရင်း
ဖုန်းက ကလင် ကလင် မြည်လာတယ် မေမေရေ PANDORA ဆိုင်ကို လိုက်ခဲ့နော်တဲ့ အိုကေဆိုပြီး လိုက်သွားခဲ့တယ်
ဆိုင်ထဲ ၀င်၀င်ခြင်းဘဲ အကျည်းတန် မှန်ကြိုက်ဆိုတာ မှန်လိုက်တာ သူတို့လို ဘာညာ ညာသကာတွေ မကြည့်နိုင်သေးဘူး လက်၀တ်ရတနာတွေ ပြထားတဲ့ အနားကနေ အသာလေးခွာပြီး နံရံက မှန်ဘက်ကိုလဲ လှည့်လိုက်ရော
ဟယ် အရှေ့က အမျိုးသမီးနှယ် အရုပ်က ကြည့်ရဆိုးလိုက်တာ အရပ်ကပု အသားကညို ၀တ်ထားတာက ပုံမကျ နေကာမျက်မှန် တတ်ထားတာ ၀က်ကလေးကို တတ်ပေးထားသလိုဘဲပေါ့ နှာခေါင်လေးကလဲလန် တိုပြီးပွလိုက်တာဆိုပြီး အသားကုန် ကဲ့ရယ်ပြီးသကာလ
မဟုတ်သေးပါဘူး ငါ့အ၀တ်အစားတွေနဲ့ တူလိုက်တာဆိုပြီး နေကာမျက်မှန်ကို ၀ရုန်းသုန်းကား ချွတ်ပြီး အကြည့်မှာတော့
လားလား အဲဒီရုပ်ဆိုးဆိုး အမျိုးသမီးက ကျမ ဖြစ်နေပါပေါ့လား ကျမလေ အလိုလိုနေရင် ချွေးစေးတွေ ထွက်လာလိုက်တာ မျက်နှာကလဲ အရင်ကထက် မည်းသထက် မည်းသွားတယ်လို့ ထင်လိုက်မိတယ်
အဲဒီလိုနဲ့ အပြန်လမ်း တလျှောက်လုံး ကျမ စဉ်းစားလာတာက နေကာမျက်မှန်ဆိုတာ အသားဖြူဖြူ နှာတံပေါ်ပေါ် မျက်နှာသွယ်သွယ် လူတွေနဲ့သာ လိုက်ဖက်ပြီး
အသားညိုညို နှာရိုးတိုတို နှာခေါင်းပြားပြား မျက်နှာဗျက် ကျယ်ကျယ်နဲ့ ကျမလို လူမျိုးဟာ ဘယ်လိုမှ ကြည့်မကောင်းသလို ၀က်ကလေးကို မီးကင်ပြီး မျက်မှန်မည်းကြီု ထားသလိုပါလားလို့ တွေးမိရင်း
ကျမလေ နေကာမျက်မှန်ကို နောက်များ ဘယ်တော့မှ မတတ်တော့ဘူး သိလား သူတို့သားအဖရဲ့ ပြုံးစိစိဒဏ်ကိုလဲ ကျမတသက် မေ့ရမှာ မဟုတ်တော့သလို
ကိုယ့်ရုပ်ကို ကိုယ်သနားပြီး မတန်ဘူးထင်တာနဲ့ PANDORAဆိုင်ကနေ ဘာမှ မ၀ယ်ဘဲ လေးလံသော ခြေလှန်းများဖြင့်သာ တလှမ်းခြင်း တလှမ်းခြင်း ------------
Mar Mar Lwin
1/3/2016

No comments:
Post a Comment