ရယ်စရာလေး လာပြောတာပါ ရယ်စရာလေးတွေဖတ်ရင်း စိတ်ပင်ပန်းနေတာလေးတွေ ဖြေဖျောက်နိူင်ကြပါစေ။
ရေးချင်တာလေးက တောသူမ မာမာတယောက် တောကနေမြို့တက်တဲ့ အကြောင်းလေးပါ
မာမာက တကယ်တမ်းကျတော့ တကဲ့တောသူ စစ်စစ်ပါ ရေလုံးဝ မရောပါဘူး တောမှာမွေး တောမှာကြီးသူ တယောက်ဖြစ်သလို မြို့ကြီးဆိုတာ တနှစ်နေလိုမှ့ တခေါက်ရောက်ခဲလေခြင်းပါ။
အဲဒီလိုကနေ တနေ့တော့ မမျှော်လင့်ဘဲ စင်္ကာပူဆိုတဲ့ နိုင်ငံလေးကို အလယ်အပါတ် ရောက်ပါလေရော
စရောက်ရောက်ခြင်း လေဆိပ်ကနေ မြို့ထဲ၀င်ထဲက အထူးအဆန်းတွေဖြစ်ပြီး ပါးစပ်ကြီး အဟောင်းသားနဲ့ ကြည့်လာလိုက်တာ ကလေး (သားကြီး)နေတဲ့ အိမ်ကို ဘယ်လိုဘယ်လို ရောက်သွားမှန်းတောင် မသိဘူးရယ်။
ညဘက်ကျတော့ တနိုင်ငံလုံးက မီးတွေ ထိန်ထိန်သာနေတော့ ထူးဆန်းရပြန်ရော ညဦးပိုင်း မှော်ဘီက အမျိုးတွေနဲ့ချိန်းပြီး မုန့်သွားစားကြတော့ ကိုယ့်မှာ ဘာမှာလို့မှာရမှန်း မသိဖြစ်နေချိန် အမျိုးက မှာပေးလို့ ဟမ်ဘာဂါဆိုတာကြီးကို လက်နှစ်ဖက်နဲ့ကိုင် ပါးစပ်ကြီး ဟဟပြီး ကိုက်ရတာ အကုန်ပေတလူးကို ကျန်းလို့ပေါ့ 😀
နောက်နေ့မနက်ကျတော့ ရွာနီးချုပ်စပ် အလိမ်လည်က အသိနဲ့ချိန်းပြီး မုန့်သွားစားကြတယ် နင်မှာ ငါပိုက်ဆံပေးမယ်ပေါ့ တကယ်လဲ ဘာမှာလို့ ဘာမှာရမှန်း မသိလေတော့ သူကမှာပြီး ယူလာတယ် KFC ကြက်ကြော်ဆိုလား စက္ကူဗူးကြီးနဲ့ထည့်ထားတယ်။
ဆရာကြီးလုပ်ပြီး ဟဲ့ ဘာနဲ့စားရမှာလဲ ဇွန်းခရင်းလဲ မပါဘူးပေါ့ သူကပြောတယ် လက်နဲ့သာ ကိုင်တုတ်ဟာတဲ့ ဘယ်ရမလဲ တောသူဆိုတော့ လက်နဲ့ကိုင်စားရတာ သဘောတွေခွေ့ပြီး အားရပါးရ စားလိုက်တာ အသားကုန်သွားတော့ အရိုးပါ ထိုင်ကိုက်ပလိုက်တယ် အေးရော 😀
နောက်နေ့ကျတော့ သားတို့အိမ်နားက ပျံကျဈေးလေးကိုသွားတယ် ဒူးရင်းသီးတွေ ၃ဗူးတဆယ် အော်အော်ရောင်းနေတော့ စင်္ကာပူပိုက်ဆံ တဆယ်တန်လေးကိုင်ပြီး ခပ်တည်တည်နဲ့ သွားဝယ်လိုက်တယ် လက်ထဲလဲ ဒူးရင်းသီးဗူးရောက်ရော ရှက်မနေနိူင်ပါဘူး မနေနိုင်လွန်းလို့ ဆိုင်နားတင်ဘဲ မတ်တပ်ရပ်ပြီး စားပလိုက်တယ် 😀
နောက်တခါ မြို့ထဲလျှောက်လည်တော့ ကားလမ်းကူးမယ်ပေါ့ လမ်းကူးတဲ့နေရာမှာ သားလုပ်သူက ခလုတ်နှိပ်ပြီး ရပ်နေတာ တောသူဒီအမေက မသိလေတော့ ကားမလာဘူး ကူးမယ်ကူးမယ် တကဲကဲလုပ်နေတုန်း လူရုပ်ကလေးပေါ်လာပြီး အသံက တတုန်တုန် မြည်ပါလေရော ဘာသံမှန်းမသိလေတော့ အနောက်လှည့်ပြီး ပြန်ပြေးတာ သားလုပ်သူက အမေကို လိုက်ဆွဲကာ ဝရုန်းသုန်းကားတွေကို ဖြစ်လို့ မာမာက အဲလို ဗဟုသုတက ခေါင်းပါးတာ 😀
တရက်ကျတော့ ပင်နီစူလာ သွားမယ် ဆိုပြီးသွားကြတာ ဟိုလဲရောက်ရော ရဲရင့်ဆိုတဲ့ ဆိုင်းဘုတ်ကြီးမြင်တော့ မေမေ့သူငယ်ချင်းဆိုင်ဆိုပြီး အာပြဲကြီးနဲ့ထအော်တာ သားကပြုံးပြုံးကြီး လုပ်နေတယ် အော် ကျမက တောသူဆိုတော့လေ ရိုးတာပေါ့နော် 😀
အဲဒီအချိန်အထိ စင်္ကာပူက ရထားကို တခါမှ မစီးဘူးသေးဘူး တရက်ကျတော့ ငယ်ငယ်က သူငယ်ချင်း မြောင်းတကာသားလေးက ဖုန်းဆက်တယ်။
သူငယ်ချင်းရေ နင်နဲ့ငါ တွေ့ရအောင်တဲ့ သူက မြို့ဟိုဘက်ထိပ် ကိုယ်က ဒီဘက်ထိပ်ဆိုတော့ မြို့လယ်မှာ တွေ့ဖို့ချိန်းလိုက်တယ် အောင်မယ် ရထားစီးရတာ ကဒ်ပြားလေး စက်မှာ ကပ်ကပ်ပြီး ၀င်ရတာ ကိုယ်တွေက တောသူမဆိုတော့ အထူးအဆန်းတွေ ဖြစ်လို့ 😀
တရက်ကျတော့ ဖဦးထုတ်တွေ အပြင်ထွက်တဲ့နေ့ဆိုလား ဘာလား တဈေးလုံ ကြပ်ပိတ်ပြီး တက္ကဆီတောင် တန်းစီရတယ်။
ဖြစ်ချင်တော့ အဲဒီနေ့က စားတာသောက်တာများပြီး ကားစောင့်ရင့် ဗိုက်နာလာတော့ အိမ်သာကိုေ ပြေးရပါလေရော အိမ်သာလဲရောက်ရော တန်းစီလိုက်ရတာ ထွက်ကျမတတ်ဘဲ။
ကိုယ့်အလှည့်ရောက်တော့ ကိစ္စကိုအရင်ရှင်းပြီး ဘေးဘီကို ကြည့်လိုက်တာ ပြသနာက အထွဠ်အထိပ်ရောက်သွားပြီ ကိစ္စလဲပြီးရော အိမ်သာထဲမှာ တစ်ရှူးက မရှိဘူး 😀 😀
တော်သေးတယ် ပိုက်ဆံအိတ်ထဲ မွှေနှောက်ရှာလိုက်တာ ပါးစပ်သုတ်တဲ့ တစ်ရှူးလေး ၄ရွက်လောက်နဲ့ ကိစ္စကို ဖြတ်လိုက်ရတယ် 😀
တောသူမတဲ့ ဘာထင်သလဲပေါ့နော် အကြံပိုင်ပါတယ်လို့။

No comments:
Post a Comment