Wednesday, September 25, 2019

မှီခို အိမ်ရှင်မ



စဉ်းစားကြည့်လိုက်တော့လဲ
အသက်တနှစ် ပိုကြီးသွားတာကလွဲလို့

၂၀၁၅ ဆိုတာကလဲ
၂၀၁၄တုန်းကအတိုင်း
ဟိုဘက်နဲနဲ တိုးပါအုံး
ဒီဘက်နဲနဲ ရွှေ့ပါအုံးဆိုပြီး
ဘိန်မသာ လိန်မသာနဲ့
နေအုံးမှာလား။

တရက်ပြီးတရက်
ဂဏ္ဌန်းသင်္ချာ တွက်သလို
တစ်နဲ့သုံးပေါင်းလို့
ရလာတဲ့ အဖြေက
တိုးပြားလာသလို။

တဆယ်ကို ငါးနဲ့စား
ရလာတဲ့ အကြွင်းက
အမြတ်လား အရှုံးလား
စားလို့ရတဲ့စားလတ်က အရင်းဘဲလား။

ကိုးထဲက တစ်ဆယ်နူတ်
မနူတ်လောက်ရင် တစ်ချေး
ချေးရင်း ချေးရင်းက
တိုးပြားလာမွာလား
အရင်းဘဲလား။

ဒီလိုနဲ့ဘဲ
စက္ကန့် နာရီ
ရက် လနှစ်ချီ
ကုန်ဆုံးသွားရုံကလွဲလို့
အရာရာအားလုံးဟာ
မနေ့ကလိုဘဲ။

ဒီနေ့လဲ
အိပ်ယာက နိုးတာနဲ့
ချက်လိုက် ပြုပ်လိုက်
ဆေးလိုက် ကြောလိုက်
လှဲလိုက် ကျင်းလိုက်
လျှော်လိုက် ဖွတ်လိုက်
လှန်းလိုက် ခေါက်လိုက်
ပြောလိုက် ဆိုလိုက်
သိမ်းလိုက် ဆည်းလိုက်
စားလိုက် အိပ်လိုက်နဲ့
တရက်ဆိုတဲ့ နေ့စွဲက
ကုန်သွားပြန်တာပါဘဲ။

ဒုံရင်းကဒုံရင်း
၀င်ငွေမရှိပေမဲ့
ဆတ်ခေါက်လိုက်အောင်
လုပ်လိုက်ရတဲ့ အလုပ်
နားရတယ်ကို မရှိခဲ့ဘူး။

အချိန်တန်လို့မှ
ရော့အင့်ဆိုပြီး
ပေးလာတဲ့ လစာလိုမျိုးလဲ
မရခဲ့ပါဘူး။

နောက်ဆုံးတော့လဲ
အိမ်အကူသာသာ
ရာထူးရထားတဲ့
အိမ်ကြီးရှင်မဆိုတာ

အမည်သညာဆိုးတဲ့
မှီခိုအိမ်ရှင်မက 
အိမ်ရှင်မပါဘဲ။

Mar Mar Lwin
2/2/2015
9:59 AM


No comments:

Post a Comment