Wednesday, September 25, 2019

ကျမနှင့်ဆီးချို



၅၃နှစ်ဆိုတဲ့ အင်ဂျင်ကြီး 
တစ်ခုပြီးတစ်ခု ပြင်နေရတယ်
ပြင်နေရင်းကိုဘဲ 
ဂျုံးဂျုံးက ကျလာနေပြီ
ကြာလာတော့လဲ 
စက်ဆီ ဘယ်လောက်ထည့်ထည့်
တကျွီကျီနဲ့ မြည်လာပါရော့လား။

ပြေးလိုက်ပါအုံး ဆေးခန်း
သောက်လိုက်ပါအုံး ဆေး
ဖြစ်တဲ့ရောဂါကလဲ ဆန်းပါပေ့
ဆေးဖြတ်လို့မှ မရတဲ့ ဆီးချို

ဆရာ၀န်ကလဲ ပြောပါတယ်
နင်သေမှ ဆေးကဖြတ်လို့ရမှာတဲ့
ဒီတော့လဲ

အလိုချင်ဆုံး ဆုကိုတော့
စပါယ်ရှယ်ကိုတောင်းတာ
ကိုယ့်အရိုးကိုယ် 
မသယ်နိူင်အောင်တော့
အသက်မရှည်ပါရစေနဲ့

မွေးလာပြီဆိုထဲက
အို နာ သေ 
ကြုံရတော့မယ်
တခြားသော 
သဘောတရားတွေ
သိပ်ပြီး နှစ်လုံးမသွင်းတော့ဘဲ
ရုပ်နဲ့နာမ် မကွာခင်
လောဘ ဒေါသ မောဟတွေကို 
အတတ်နိူင်ဆုံးခွာ
ရုပ်နဲ့နာမ် ကွာသွားရင်တော့
ဒီရုပ်ကြီးလဲ ပျောက်သွားမှာ
ပုတ် ညှီ လာမဲ့ ခန္ဓာကိုယ်ကြီးက
တန်ဖိုးကြီးလဲ မဲ့သွားတော့မှာ

ဘယ်မှာလဲ မာမာလွင်
ဘယ်မှာလဲ မျက်လုံး
တကိုယ်လုံး အရည်ပျော်
ဂလောက် ဂလောက် မြည်နေကာ
မျက်တွင်းဟောက်ပက်နဲ့ 
အရိုးစုသည်သာ
မာမာလွင်ဆိုတာ 
ကျန်ခဲ့မည်တကား။

မာမာလွင်

No comments:

Post a Comment