Wednesday, September 25, 2019

ရက်ကိုလစား



ဒီနေ့ 1/1/2016 တဲ့

ထိုနည်း ၎င်းပါဘဲလေ

မနေ့က အတိုင်းပါဘဲ

အိပ်ယာထ မျက်နှာသစ်

မီးဖိုဆောင်၀င် ချက်ပြုပ်

အ၀တ်လျှော် အ၀တ်လှန်း

အိမ်သန့်ရှင်းရေးလုပ်

ထွေလီကာလီ 

အားလုံးပြီးချိန်

မိုးချုပ်ပြန်တော့ 

နောက်တစ်ရက်ကူးဖို့

အချိန်ကို စောင့်ရင်း

၃၆၅ရက် ပြည့်ပြန်တော့

HAPPY NEW YEAR 

ပြန်ရောက်လို့ လာအုံးမှာဘဲ

၃၆၅ရက်အတွင်း

အိတ်သွန်ဖာမှောက် 

ဆန်းစစ်ကြည့်လိုက်တော့

ကုန်သွားတာက 

နေ့ရက်လနှစ်ဆိုတဲ့ အချိန်

ကိုယ်ရလိုက်တာက 

ကြောင်းကျိုးမဲ့တဲ့ 

ဆင်ချင်တုံ တရားတွေ

သေမင်းနဲ့ စစ်မခင်းမခြင်း

ဒီလိုဘဲ 

သံသရာက 

လည်နေတော့မှာလား။

Mar Mar Lwin
1/1/2016
11:05 AM
Rockhampton

No comments:

Post a Comment