ကျမပြောပါရောလား
Facebook လောက က တကဲ့ကို ကင်ဆာဆဲလ်လိုဘဲ သိပ်ပြန့်နှံ့လွယ်ပါတယ်။
မနေ့ညက မြန်မာစာ စာလုံးပေါင်း သတ်ပုံအမှားတွေ ထုတ်ပါတယ်ဆိုပြီး တယောက်သောသူက တင်လိုက်တာကို ကျမဖတ်မိပြီး ပြန်တင်ပေးလိုက်မိပါတယ်။
ကျမလိုဘဲ မူရင်းတင်သူရဲ့ မြန်မာစာ အမှား စာမျက်နှာတွေ တင်ထားတာကို ဖတ်မိတဲ့သူတွေ အားလုံး သို့လော သို့လောတွေ ဖြစ်ကုန်ကြတယ်။
သူတို့လိုပါဘဲ ကျမကိုယ်တိုင်လဲ မြန်မာစာ သင်ရိုးမှာ စာလုံးပေါင်း အမှားတွေတွေ့တော့ အံ့သြမိသွားတယ်။
ဒါကြောင့်မို့ စာလုံးအမှားတွေလို့ ထင်ရတဲ့ မြန်မာစာသင်ရိုး စာမျက်နှာ တချို့ကို ကျမ ကူးယူပြီး တင်လိုက်မိတယ်။
ကွန်မန့်တွေ တက်လာတော့မှ ကျမသိလိုက်ရတာက တိုင်းရင်းသားတွေအတွက် မြန်မာစာ သင်ရိုးသစ်ပါတဲ့။
စစပြီးတင်တဲ့သူက ပြည့်ပြည့်စုံစုံ ရေးပြီးမတင်တဲ့အတွက် ကျန်တဲ့သူတွေက ကိုယ့်မြန်မာ စာပေကြီး ပပျောက်မှာကြောက်ပြီး တယောက်ကစ တရာဆိုသလို share လာကြတာ တွေ့ရတယ် share တဲ့သူ အားလုံးကလဲ မြန်မာစာအတွက် စိတ်ပူပန်မှု များစွာနဲ့ share လာကြတာပါ။
အခုဖြစ်ပေါ်နေတဲ့ မြန်မာစာ သင်ရိုးအတွက် လူတော်တော်များများ အထိတ်တလန့်ဖြစ်ပြီး အမိ မြန်မာစာအတွက် share ကြတဲ့သူတိုင်းဟာ အပျက်သဘောမျိုး မဟုတ်ဘဲ မိခင်ဘာသာ စကား မိခင်ဘာသာ စာပေ အတွက် စိတ်ပူပြီး share ကြတာဘဲ ဖြစ်ပါတယ်။
ကျမကိုယ်တိုင်တောင် တွေ့တွေ့ချင်း ဘာတွေဖြစ်သွားတာလဲဆိုပြီး တော်တော်လေး စဉ်းစားမိပါသေးတယ် စဉ်းစားမယ်ဆိုရင်လဲ စဉ်းစားစရာပါ ခေတ်အဆက်တက်က မြန်မာစာကို တိုင်းရင်းသား ဘာသာစကားနဲ့ ထုတ်ပြန်ပြီးသင်ခဲ့တဲ့ သင်ရိုးဆိုတာ မရှိခဲ့ဘူးလို့ဘဲ ကျမသိခဲ့ပါတယ် ရှိခဲ့တယ်ဆိုရင်တော့ ကျမတကယ်မသိရိုး အမှန်ပါ။
အခုတော့ မိခင်မြန်မာစာအတွက် စိတ်ပူပြီး တင်လိုက်မိတဲ့ စာသား မြန်မာစာတွေရဲ့ ပုံအောက်မှာ တက်လာတဲ့ ကွန်မန့်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ကျမသာ ဒီအမှားကို မတင်ဘဲ ကိုယ့်စာပေအတွက် တယောက်ထဲ တနုံ့နုံ့ခံစားနေမယ်ဆိုရင် ကျမရင်ထဲမှာ အမှားတွေနဲ့ဘဲ ပြည့်ကြပ်နေလိမ့်မယ်။
နောက်တခုက မြန်မာစာနေရာမှာ တိုင်းရင်းသားတွေအတွက် မြန်မာစာ သင်ရိုးဟာ မြန်မာစာစစ်စစ်ဘဲ ဖြစ်သင့်ပါတယ် တိုင်းရင်းသားဘာသာစာနဲ့ သင်ရင် မြန်မာစာစစ်စစ် မဟုတ်ဘဲ ကလေးတွေက အနေနဲ့ မြန်မာစာ အစစ်အမှန်ကို မရနိုင်ပါဘူး ဒိအတွက်တော့ မြန်မာစာအတွက် ရင်လေးစရာပါ။
ကျန်တဲ့ ကျမလို မသိသေးသော သူတွေလဲ မြန်မာအတွက် စိတ်ပူကြမယ် စိတ်မကောင်း ဖြစ်ကြမယ် ကိုယ့်စာပေအတွက် ခံစားကြရမှာပါ။
ကင်ဆာဆဲလ်လို ပြန့်ပွားလွယ်တဲ့ facebook ကမ္ဘာလေးထဲမှာ အကောင်းအဆိုးက အမြဲတမ်း ဒွန်တွဲနေတာမို့ စောစောသိရင် ကာကွယ်လို့ရသလောက် ကာကွယ်နိုင်ပါတယ်။
အကောင်းလေးတခု ရလိုက်တဲ့အတွက် ကျမအတွက်တော့ ကျမပူပန်မိတဲ့ မိခင်မြန်မာ စာပေအတွက် အရာရာအားလုံးကို စိတ်ပူပန်ကြခြင်းနဲ့ ရေးလာသော ကွန်မန့်များ အမှန်ကို သိစေအောင် ဖော်ပြကြသော ကွန်မန့်များအတွက် အားလုံးကို ကျေးဇူးတင်မိပါတယ်။
မြန်မာစာသည် ဒို့(တို့)စာ မြန်မာစကားသည် ဒို့(တို့) စကား ဆိုတာ ကျမရင်ထဲမှာ အမြဲရှိနေတတ်လို့ ဆိုးရိမ်ပူပန်ခြင်း တခုအတွက် မနေ့က တင်လိုက်တဲ့ စာနဲ့ပုံများကို ရည်ညွှန်းပြီး ပြန်လည်ရေးသား လိုက်ခြင်းဖြစ်ပါတယ်။
မာမာလွင်
6:06 AM
19/12/2014

No comments:
Post a Comment