ဆောင်းဦးမှာ
ပါလာတဲ့ လေရူး
ကလူ သလိုလို
မြှူသလိုလိုနဲ့
ပြင်းပြင်းလဲ မတိုက်
ညှင်းညှင်းလေး တိုက်ကာ
အရှေ့ကို သွေးလိုက်
အနောက်ကို လွေးလိုက်နဲ့
တောင်လေလိုလို
မြောက်လေလိုလို
မတည်ငြိမ်နိုင်တဲ့
လူ့စိတ်လိုဘဲ
ရောက်ချင်ရာရောက်
ပေါက်ချင်ရာပေါက်ပြီး
ကမ်းကိုလဲ မမြင်
လမ်းကိုလဲ မမြင်
ကမ်းဝေးရေလည်
ရောက်နေရ သလိုပါဘဲ
ဘယ်ဆီ ဘယ်ကြဌါန်း
မြန်းရမှန်း မသိ
သံသရာ စက်ဝန်း
ကမ္ဘာ့ စက်ဝန်းထဲမှာ
လည်ပြီးရင်းလည်
အဆုံးမဲ့စွာနဲ့
အရှေ့အနောက်
တောင်မြောက်
ဝေ့လည်ကာ
ကြောင်ပတ်လို့
သံသရာ
စက်ဝန်းက
ဘယ်လောက် ရှည်ရှည်
လည်နေအုံးမှာလဲ။
မာမာလွင်
8:30 PM
25/11/2012

No comments:
Post a Comment