Wednesday, June 15, 2016

အိမ်ပြန်ချိန်ရဲ့ အလွမ်းအမောများ


လွမ်းဆွတ်ခြင်းများ
အိမ်ပြန်ချိန်ရဲ့ အလွမ်းအမောများ

မပြန်ချင့် ပြန်ချင်နဲ့ ပြန်လာခဲ့ရတယ်

အပေါ်ထပ်နဲ့အောက်ထပ် အိမ်ကြီးထဲမှာ ဟိုး အရင့်အရင်နှစ်တွေက ကြီးကြီး အဖေအမေနဲ့ မောင်နှစ်မတွေ စုံစုံလင်ရှိနေခဲ့တယ်။

တစ်ယောက် တစ်ပေါက်နဲ့ စည်ကားနေတဲ့ အိမ်ကြီးမှာ ရန်ဖြစ်လိုက်ကြ ပြန်ချစ်လိုက်ကြနဲ့ ပျော်စရာတွေ ကောင်းနေခဲ့တယ်

ကြားကာလ အချိန်တွေမှာ သဘာဝတရားကြီးက မိသားစုတွေကို တစ်စဆီ ဖဲ့ချွေတာ ခံလိုက်ရတယ်

သဘာဝတရား ဆိုတာကြီးကို မလွန်ဆန်နိုင်ခဲ့တဲ့အတွက် မိသားစုထဲကနေ အရင်ဆုံး ထွက်ခွာသွားသူက

ကျမအရမ်းချစ်တဲ့  ကြီးကြီးဖြစ်ခဲ့ရတယ်

နောက်တော့ အဲဒီအိမ်ကြီးထဲကနေ မောင်ငယ်လေးက နူတ်မဆက်ဘဲ ထွက်သွားခဲ့ပြန်တယ်

မောင်ငယ်လေး ထွက်သွားပြီး ၅လနဲ့၁၀ရက်အကြာမှာ အမေကထပ်ပြီး ခွဲသွားခဲ့ပြန်တယ်

ဝေဆာနေတဲ့အပင်ကြီးက အကိုင်းအခက်တွေ တစ်စဆီ ပဲ့ထွက်သွားခဲ့တယ်

လူနဲသွားတဲ့ အိမ်ကြီးမှာ ပျင်းရိဖွယ် ခြောက်သွေ့သွားခဲ့ရတယ်

အကိုင်းအခက်တွေ ပဲ့သွားတဲ့ အပင်ကြီးမှာ နားခိုမှုတွေနဲ သွားခဲ့တယ်

အဲဒီကြားထဲကမှ ဧည့်သည်သွား ဧည့်သည်လာ လုပ်နေတဲ့ ကျမက

အဖော်မဲ့သွားတဲ့ အဖေ့ကိုထားပြီး မိသားစုရှိရာကို ပြန်လာခဲ့ရတယ်

ဆွေးမြေ့ခြောက်ကပ် ရီဝေနေတဲ့ မျက်လုံးများနဲ့ ကျန်ခဲ့တဲ့အဖေ

နုတ်မဆက်ချင်ဘဲ နူတ်ဆက်စကား ဆိုလိုက်တဲ့အဖေ

အဖေ့ကို ကန်တော့ရင်း အဖေပေးတဲ့ ဆုတွေကိုယူရင်း

အလွမ်းအမောများနဲ့ သမီးပြန်ခဲ့ရတာပါ အဖေ

သမီးတို့ရဲ့ လွင်မိသားစုဆိုတဲ့ အိမ်ကြီးထဲမှာ အဖေနဲ့အတူ မရှိတော့သောသူ ရှိသောသူအားလုံးကို လွမ်းဆွတ်နေပါတယ်

Mar Mar Lwin. (Tuu Mar)
10;50AM
10/12/2013

No comments:

Post a Comment