Wednesday, June 15, 2016

ဟင်းချက်ခြင်း အနုပညာ


ဟင်းချက်ချင်းရဲ့ အနုပညာဆိုပြီး မာမာဒီနေ့ facebook မှာ စာလေးတစောင် ရေးဖြစ်ခဲ့ပါတယ် ဟင်းချက်တယ်ဆိုတာ သိပ်ပြီးအနုပညာဆန်ကာ အနုလဲ စိပ်ပါတယ် ဟင်းကောင်းလေး တမယ်ရဖို့ ဖန်တီးသူဟာ စိတ်လဲရှည်ရပါတယ်။

ဟင်းချက်ခြင်းကို အကျီင်္တထည် ချုပ်တာနဲ့ နိူင်းယှဉ်ပြီး ပြောရမယ်ဆိုရင် ဟင်းချက်မဲ့ အသားတတုံးက အင်္ကျီချုပ်မဲ့ ပိတ်စတစဘဲ ဆိုပါစို့

ဟင်းချက်မဲ့ အသားကို ရေစင်အောင်ဆေးပြီး နှစ်သက်သလို တုံးရတစ်ရသလို အကျီင်္တထည်အတွက် စစခြင်း နှစ်သက်ရာ ပုံစံရအောင် ပုံဖော်ပြီး ညှပ်ပေးရပါတယ်။

အသားကို တုံးတစ်ပြီးပြီ ဆိုရင်လဲ အရင်ဆုံး လိုအပ်မဲ့ အရသာတွေထဲ့ပြီး အသားထဲကို အရသာဝင်အောင် အနည်းဆုံး ငါးမိနစ်လောက်တော့ ဆုတ်ဆုတ်ပြီး နယ်ပေးရပါတယ်။

ဒီလိုပါဘဲ ပိတ်စကို လိုရာပုံစံ ညှပ်ပြီးပြီဆိုရင်လဲ အကျီင်္ချုပ်သား သေသပ်လှပအောင် ကော်နဲ့ကပ်ပြီး မီးပူနဲ့ ဖိပေးရပါတယ်။

အဲဒီအတိုင်းပါဘဲ အသားဟင်းကိုလဲ စပြီးချက်တော့မယ်ဆိုရင် ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းထောင်း အမွှေးနံ့သာတို့နဲ့ အသားရဲ့ အနံ့ပျောက်အောင် ဆီနာနာလေး သတ်ပေးရပါတယ်။ 
ကော်မကပ်ဘဲ ချုပ်တဲ့အကျီင်္ တထည်ဟာ အစိမ်းချုပ်မို့ ချုပ်သားမကောင်းဘဲ ပွယောင်းယောင်း ဖြစ်နေတတ်သလို
ဆီသတ်မနိုင်တဲ့ အသားဟင်း တမယ်ဟာ အရသာ ပေါ့အက်အက်နဲ့ အသားက ပွစိစိကြီး ဖြစ်နေတတ်ပါတယ်။

သေသပ်လှပစွာချုပ်ပြီး အကျီ်တစ်ထည်ကို လိုအပ်တဲ့ ကျယ်သီးအပါအဝင် အလှဆင်တဲ့ ပစ္စည်လေးတွေနဲ့ ပြုပြင်မွမ်းမံ ပြင်ဆင်လိုက်ရင် သေသပ် လှပတဲ့အကျီင်္ကောင်းတထည် ရလာပါလိမ့်မယ်။

အဲဒီလိုပါဘဲ ဆီနာနာသတ်ပြီး ချက်ထားတဲ့ အသားဟင်းတမယ်ကို ပိုပြီးစားကောင်းအောင် အမွှေးနံ့သာနဲ့ အသီးအရွက်တွေ ထပ်ထဲ့ပြီး ချက်ထားတဲ့ ဟင်းတစ်မယ်ဟာ

ရော့အင့်ဆိုပြီး အိုးတစ်လုံးထဲ ပြစ်ထဲ့ရောမွှေပြီး ချက်လိုက်တဲ့ ဟင်းလိုဘဲ ပွယောင်းယောင်း အိပက်ပက်နဲ့ ထွက်လာတဲ့ ဟင်းတစ်ခွက်ထက် အများကြီးပိုပြီး စားလို့ကောင်းသလို ကော်ကပ်ပြီး မီးပူဖိထားတဲ့ အင်္ကျီဟာ ချုပ်သားကောင်းတဲ့ အကျီ်တထည်လိုဘဲ သေသပ်ကောင်းမွန်လို့ နေပါတယ်ရှင်။

အရာရာကို အနုပညာ မျက်စေ့နဲ့ မြင်နိူင်ကြပါစေ။
မာမာလွင် (တူးမာ)

No comments:

Post a Comment