လူရယ်လို့ ဖြစ်လာတာနဲ့ မွေးဖွားခြင်းကစပြီး သေဆုံးခြင်းနဲ့ အဆုံးသတ်ကြရမှာ အားလုံး သိကြပါတယ်။
မွေးဖွားလာကြတဲ့ နေရာမှာလဲ အတိတ်က ပြုပြုဖူးခဲ့သမျှ ကံအပေါ်မူတည်ပြီး လာခြင်းကောင်းကြသလို လာခြင်းမကောင်းကြသူတွေလဲ ဒုနဲ့ဒေးပါ။
အတိတ်ကံ ကောင်းခဲ့ရင် သန္ဓေတည်ထဲက အရာအားလုံးဟာ တခမ်းတနား ဖြစ်ခဲ့ကြပေမဲ့ အတိတ်ကံ ဆိုးညစ်ခဲ့ရင်တော့ အရာအားလုံးဟာ ဘေးဖယ်ခံရတတ်ပါတယ်။
အဲဒီလိုပါဘဲ အသက်ရှင်နေထိုင်ခြင်းကနေ လောကကြီးကို စွန့်ခွာသေဆုံးခြင်း ဆိုတာကလဲ ကွာခြားကြပြန်ပါတယ်။
မွေးဖွားလာထဲက လူ့စိတ်တွေကလဲ အရောင်စုံအောင် ပါလာတတ်ကြပါတယ် အသက်ရှင် ရပ်တည်နေချိန် ကာလအတွင်းမှာဘဲ တယောက်သောသူဟာ သေဆုံးခြင်းကိုမေ့ပြီး လောကကြီးမှာ ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းနေချိန်မှာ တယောက်သောသူကတော့ သေဆုံးခြင်းကို မမေ့မလျော့ဘဲ ရလာတဲ့ဘ၀ကို အကျိုးရှိစွာ အသုံးချနေသူလဲ ရှိနိူင်ပါတယ်။
တယောက်သောသူဟာ လောကဒဏ်ကို ကြံ့ကြံ့ခံနိူင်အောင် ကျိုးစားပြီး နေထိုင်နေချိန်မှာ
တယောက်သောသူကတော့ အရာရာကို အရှုံးပေးပြီး ဖြစ်သလို နေထိုင်တတ်တဲ့ စရိုက်အစုံနဲ့ အချိန်တွေကို ကုန်ဆုံးစေပါတယ်။
တယောက်သောသူဟာ ဘ၀ကို တန်ဖိုးရှိစွာ ရုန်းကန် ဖြတ်သန်းနေချိန်မှာ တယောက်သောသူဟာ ဘ၀ကို ရေစုန်မျှောပြီး အချိန်တွေကို ဖြုန်းနေသူလဲ ရှိချင်ရှိနေနိူင်ပါတယ်။
အသက်ရှင်နေစဉ်ကာလ အရောင်စုံ စရိုက်စုံ ဘဝတွေ အစုံရှိကြပေမဲ့ နောက်ဆုံးတော့ သေခြင်းတရားဆိုတဲ့ လားရာကတော့ တခုထဲပါဘဲ။
သို့သော် မြတ်သောအကျင့်ကို ကျင့်သူသည်သာ လားရာကောင်းစေနိူင်ပါသည်။
မာမာလွင် (တူးမာ)
15/june/2016

No comments:
Post a Comment