Wednesday, June 15, 2016

အမေ့အတွက်အလွမ်း


ပျော်စရာတွေတွေ့ရင် တစ်ပွေ့တစ်ပိုက် ပွေ့ကာပိုက်ပြီး
အမေ့ဘေးပြေးထိုင် မမောနိုင်မပန်းနိုင် သမီးပြောခဲ့ဖူးတယ် အမေ။

စိတ်ရဲ့ဒုက္ခ ဗျာပါရတွေ ကြုံပြန်ရင်လည်း တိတ်တိတ်ယူဆောင်
အမေ့ရင်ခွင်ထဲ ခေါင်း၀တ်ငုံ့လှိူး သိမ့်သိမ့်တုန်အောင်
သမီးငိုခဲ့ဖူးတယ် အမေ။

သမီးပျော်ရွှင် အမေကြည်နူး
အရီ(ရယ်)မျက်လုံး အပြုံးနူတ်ခမ်းနဲ့
အားတက်သရော ရီ(ရယ်)မောပေးတတ်တဲ့အမေ။

သမီးသောက အပူမျမျနဲ့
ကျလာမျက်ရည် လွမ်းငွေ့ဝေရင်

ရီဆွေးမျက်လုံး အဝေးကိုငေးမျှော်
သမီးရဲ့သောက ဗျာပါရတွေကို
အမေမျှယူ ခံစားပေးဖူးခဲ့ပါတယ်။

ဒီနေ့ အမေများနေ့တဲ့ အမေရယ်
သမီးအတွက်တော့ စက္ကန့်တိုင်း မိနစ်တိုင်း
နာရီတိုင်း နေ့ရက်တိုင်းဟာ
အမေဆိုတာ လိုအပ်နေခဲ့တဲ့
အမေများနေ့ပါ အမေရယ်။

27/11/2013 နေ့မှာ သူချစ်သော မိသားစု
သူ့ကိုချစ်သော မိသားစုကို အပြီးအပိုင်ခွဲခွာသွားတဲ့ ချစ်လှစွာသော အမေသို့

သတိရခြင်း တမ်းတခြင်း လွမ်းမောခြင်းများနဲ့ပါ အမေ

သမီးကြီး
Mar Mar Lwin (tuu Mar)

No comments:

Post a Comment