*ကျမရဲ့ Hero*
ဒီစာလေးက ကျမရဲ့သမီးလေးအတွက်ပါ
အမြဲတမ်းလိုလို ကြိုးစားမှုတွေက သူ့ရဲ့ရင်ထဲမှာရှိနေတတ်ခဲ့တယ်
နူးညံ့သိမ်မွေ့ခြင်းတွေ သူမမှာရှိနေတတ်ခဲ့သလို
ရဲရင့်ခက်ထန်တဲ့ မာန်တွေလဲ သူမမှာရှိနေတတ်တယ်။
ထိတ်လန့်ခြင်းတွေကို သူမ မနှစ်သက်သလို
ကြောက်ရွံ့ခြင်းတွေကို သူမ စက်ဆုတ်နေတတ်တယ်။
အရာရာကို သူမ အရှုံးမပေးတတ်သလို
အရှုံးပေးခြင်းဆိုတဲ့ အလုပ်ကို သူမ မုန်းတီးတတ်တယ်။
လောကကြီးကို အကောင်းမြင်တတ်တဲ့ဘက်က သူမကြည့်တတ်ခဲ့သလို
တစ်ဖက်သော လူသားတွေကို ပြစ်တင်ခြင်း ဝေဖန်ခြင်း ကဲ့ရဲ့ခြင်းတွေကို သူမရှောင်ရှားတတ်ခဲ့တယ်။
သူမရဲ့့ဖြူစင်စိတ်ထားတွေ
သူမရဲ့ကြိုးစားမှုတွေ
သူမရဲ့ရဲရင့်မှုတွေ
သူမရဲ့ရိုးသားမှုတွေကြောင့်
*သူမဟာ ကျမရဲ့သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တယ်*
တူးမာ

No comments:
Post a Comment