Saturday, February 8, 2014

တွေးမိခြင်း


တွေးမိတယ်

တွေးနေမိတယ်

တွေးဆနေတယ်

တွေးဆနေမိတယ်

တွေးလိုက်တိုင်း

အဲဒီအတွေးက ချာချာလည်သွားတယ်

သက်ရှိထင်ရှား ရှိနေစဉ်ခနလေးမှာ

ဘာကြောင့်များ

နားလည်မှုတွေ ဘာလို့လွဲမှားနေကြတာလည်း

ခွင့်လွှတ်မှုတွေ ဘာလို့များရှိမနေကြတာလည်း

လူတိုင်း လူတိုင်းမှာ ရှိနေသင့်တဲ့

လွတ်လတ်မှုဆိုတာကို

ဘာလို့များ တားဆီးပိတ်ပင်နေချင်ကြတာလည်း

ဘာအတွက်များ ဝင်စွတ်ဖက်ချင်ကြတာလည်း

ကြိုးစားပြီး နားလည်ပေးလို့မရဘူးလား

စိတ်ဓါတ်တွေ စိတ်ဓါတ်တွေ

မြင့်မလိုလိုနဲ့ နိမ့်နေကြတယ်

တိမ်မရောင်နဲ့ နက်နေကြပြန်တယ်

ဘာကြောင့်လည်း ဘာအတွက်လည်း

တွေးနေတယ် တွေးနေမိတုန်းပါဘဲကွယ်

No comments:

Post a Comment